"လူကိုကလေးလိုမဆက်ဆံနဲ့ 18ပြည့်ပြီးပြီး"

သူ့လက်အားပုတ်ထုတ်လိုက်ကာ
ကလေးမဟုတ်ကြောင်းရှင်းပြလာသည့်ကောင်လေးကြောင်
ဂျီမင်မှာရယ်ချင်စိတ်ကိုထိန်းထားလိုက်သည်။

"အိုး...ဟုတ်သားပဲ ငါတို့ယွန်ဂီလေးကလူကြီးဖြစ်နေပြီးကို ဂျီဂျီကမေ့နေတာပဲ"

ထိုသို့ပြောလိုက်မှ မျက်နှာမှာအနည်းငယ်ပြုံးယောင်သန်းလာသည့်ယွန်ဂီ။

"ယွန်ဂီ ကိုကို့ကိုမင်းပဲအိမ်သွားပို့လိုက်
ငါအရေးကြီးကိစ္စပေါ်လာလို့"

"ဟျောင့်! ဟျောင့်!"

ယွန်ဂီမှာ အသေအော်ခေါ်နေသော်လည်း
ဂျောင်ကုမှာပြေးထွက်သွားပြီးဖြစ်သည်။

"ညီညီက ဘာတွေအရေးကြီးနေတာလည်ယွန်ဂီလေး"

"မသိဘူး"

ဂျီမင်လက်ထဲမှခရီးဆောင်အိတ်အားဆွဲယူကာ
ကားပါကင်ရှိရာသို့လျောလာလိုက်သည်။
ဂျီမင်လည်းသူ့နောက်မှတစ်ဖြည်းဖြည်းလိုက်လာသည်။

"တက်"

ကားတံခါးဖွင့်ပေးလိုက်တော့
ဂျီမင်မှာယွန်ဂီကိုအားနာသလိုကြည့်ပြီး
ကားပေါ်တက်လိုက်သည်။
ထိုအားနာသလိုအကြည့်တွေကိုယွန်ဂီသဘောမကျသည်မှာအမှန်ပင်။

ကားပေါ်တွင်လူနှစ်ယောက်ရှိနေသောလည်း
လေထုမှာ စိမ်းသက်ပြီး
ထူးထူးခြားခြားတိတ်ဆိတ်နေသည်။
ဂျီမင်မှာမနေနိုင်သည့်အဆုံး
ထိုတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်။

"ခေါင်းကပတ်တီးတွေကဘယ်လိုဖြစ်တာလည်ယွန်ဂီလေး
ဂျီအစကတည်းကမေးချင်ပေမဲ့ ယွန်ဂီသဘောမကျမှာဆိုးလို့"

"ချော်လဲတာ"

ယုတ္တိမရှိသောအဖြေဖြစ်ပေမဲ့
ယွန်ဂီမှာ ဖြေချင်စိတ်မရှိမှန်းဂျီမင်သိတာကြောင့်
ဂျီမင်ထပ်မမေးတော့ပဲ တိတ်နေလိုက်သည်။

"ကား ခဏရပ်ပေး ယွန်ဂီ"

"ဘာကိစ္စလည်"

"ခဏလေးပါ"

ယွန်ဂီမှာကားကိုရပ်ပေးလိုက်
ဂျီမင်ကားနောက်ခန်းတွင်ထည့်ထားသော
ခရီးဆောင်အိတ်အားဖွင့်ကာ
ဆေးသေတ္တာအားထုတ်ယူလိုက်သည်။

Loading..Where stories live. Discover now