"ဟူးဟဲ ဟောဟဲ မင်းတို့ဘယ်သွားမလို့လဲ ဟောဟဲ"

"အပြင်ထွက်မလို့လေ ရှူး "

"တကယ်! ငါရောလိုက်မယ်"

"ဟမ် အေး လိုက်လို့တော့ရတယ် ဘယ်မှာလဲ ပိုက်ဆံက"

"မင်းကလည်းကွာ ငါ့ကိုများအထင်သေးလို့ ဒီမှာ" ဟုဆို၍ ရင်ဘတ်ထဲမှာထည့်ထားတဲ့ အိတ်လေးကိုထုတ်ပြလိုက်သည်။

"ဒါဆိုလာ ချစ်သူငယ်ချင်းလေး😁😁"

"အဟမ်း ဝမ်လေး"

"သေချာပေါက် အရှင့်ကိုပိုချစ်တာပေါ့😁"

"အဟက် " ရှောင်းအရှင်လည်း ဝမ်လေးရဲ့အပြောကြောင့် ပြုံးချင်တာကိုအောင့်ထားလိုက်ရသည်။

"မင်းတို့ငါ့ကိုခွေးစာကျွေးနေကြတာလား"

"အရှင် ခွေးစာဆိုတာ သူ့လိုတစ်ကိုယ်တည်းသမားက
သူများသမီးရည်းစားတွေ ချစ်ကြည်နူးနေကြတာကိုထိုင်ကြည့်နေရတာကိုပြောတာလေ သူ့လိုလူကိုပြောတာပေါ့ သူများမိသားစုကြားနေချင်နေတာလေ"

"မင်း မင်း"

"စတာပါ လာသွားကြရအောင်"

"ဟန့်"

"ဟီးဟီး သွားကြမယ်လေ"

"အေးပါ ဒါနဲ့လက်ထဲကအထုပ်ကဘာလဲ"

"ကလေးတွေလေ" ဟုဆိုရင်း အထုပ်လေးထဲက ကလေးလေးကိုရှောင်ရှင်းချန်မြင်အောင် ပြလိုက်သည်။

"ဟာ ကလေးတွေ"

"ရှူး တိုးတိုး ကလေးတွေ အိပ်နေတယ်"

"အင်း အင်းသွားကြရအောင်လေ"

သူတို့ဟာဝေါယျာဉ်တစ်စီးငှါးထားခဲ့၏။ ထိုအချိန်မှာမြင်းလှည်း (ဝေါယျာဉ်)တစ်စီးက  အချိန်ကိုက်ရောက်ရှိလာခဲ့သည်။

ရှောင်းအရှင်ကဝမ်လေးကိုဝေါယာဉ်ထဲ ထိုင်စေလိုက်သည်။ ထို့နောက်သူက ဝေါယျာဉ်ထဲကိုဝင်သွားခဲ့သည်။ မြင်းလှည်းမောင်းသမားကလည်း သူတို့ဝင်လာတာနဲ့ချက်ချင်းမောင်းထွက်သွားခဲ့၏။

သူတို့ဟာနောက်မှာကျန်နေသေးတဲ့ ရှောင်ရှင်းချန်လေးကို သတိမမူလိုက်ကြပေ။
"ဟေး ငါ့ကိုစောင့်အုံးဟ ငါကျန်သေးတယ် ရပ် ရပ်"

မြင်းလှည်းမောင်းသမားကလည်း အစကသတိမထားမိပေမယ့် အသံကတရစပ်ထွက်လာတော့ မြင်းလှည်းကိုခေတ္တရပ်လိုက်သည်။

"ဘာဖြစ်လို့လဲ"

"လူတစ်ယောက် အော်နေလို့ပါဗျ"

"ဟေး ရပ် ဟောဟဲ ရပ် အဟွတ် ရပ် "

"ရှောင်ရှင်းချန်.."

"ရပ်ဟ"

"ငါတို့မေ့သွားတာ လာလာ..မောနေပြီလား"

"ရေ..ရေ.."

"အေးအေး ရော့"

"မင်းတို်ငါ့ကိုမခေါ်ချင်ရင်လဲပြောပါလားဟ "
😭😭

"တောင်းပန်ပါတယ်ဟာ"

"ဆက်သွားမယ်"

မြင်းလှည်းလေးဟာ လမ်းတွေထဲသို ဆက်လက်ထွက်ခွာခဲ့သည်။

Tbc~~~~~

3.7.2022 (sun)6:37pm

#အချစ်များစွာဖြင့်

#MyatNoe415

#2800 words

ဟဲဟဲ နောက်အပိုင်းကျ သူတို့မုန့်သွားစားတာထည့်ပေးရမလား

ခေတ်သစ်မှလာသော ကြင်ယာတော်ဝမ်{COMPLETED}Where stories live. Discover now