အပိုင်း(14)

490 19 11
                                    

ခေတ်သစ်မှရောက်လာသော ကြင်ယာတော်ဝမ်

အပိုင်း(14)

တစ်ခနလောက်ကြာတော့..
အခန်းထဲကနေ ကလေးငိုသံလေးတွေထွက်လာခဲ့သည်။ ရှောင်းလည်းအလွန်ပင်ပျော်သွားခဲ့၏။ သူချစ်ရတဲ့သူက သူ့ရဲ့ရင်သွေးလေးတွေကိုမွေးဖွားပေးခဲ့လို့လေ။ သမားတော်တွေကလည်း ထွက်လာခဲ့၏။

"ဂုဏ်ယူပါတယ် အရှင်မင်းကြီး မင်းသားလေးတစ်ပါးနဲ့ မင်းသမီးလေးတစ်ပါးပါ"

"ဂုဏ်ယူပါတယ်အရှင်မင်းကြီးနဲ့ ကြင်ယာတော်ဝမ်"
အပျိုတော်တွေနဲ့ အစောင့်ရဲမက်တွေကတစ်ပြိုင်နက်ထဲပြောကြ၏။

ငွေရောင်အဆင်းရှိတဲ့နဂါးတစ်ကောင်နှင့် ပတ္တမြားရောင်အဆင်းရှိတဲ့နဂါးတစ်ကောင်တို့ဟာ အဆောင်ထဲကနေထွက်လာကြပြီး မိုးကောင်းကင်ပေါ်သို့ တစ်ပြိုင်နက်တည်းဟစ်ကြွေးလိုက်ကြသည်။

"ဝေါင်း"(မရေးတတ်လို့)

ထိုအချိန်မှာ တစ်ဖက်ကျင်းတိုင်းပြည်မှာရှိတဲ့ မိဘုရားကြီးကျန်းယန်လီဟာလည်း သားတော်တစ်ပါးဖွားမြင်ခဲ့သည်။ သူတို့၏တိုင်းပြည်တွင်လည်း ရွှေရောင်အဆင်းရှိတဲ့နဂါးကြီးဟာ ရှောင်းတိုင်းပြည်ဘက်ကိုမျက်နှာမူပြီး ဟစ်ကြွေးလိုက်သည်။ သူ၏အသံတွင်လည်း ပျော်ရွှင်နေတာကြောင့် အသံကဝုန်းခနဲထွက်ပေါ်လာပြီး အသံကလည်းတစ်မူထူးခြားနေခဲ့သည်။ 'ကိုယ်မင်းကိုပြန်ရှာတွေ့ခဲ့ပြီ.. ကိုယ်ရဲ့ရှန့်အော်လေး'
(သူတို့အတွဲလေးရောပါမယ်)

ရှောင်းတိုင်းပြည်၏နတ်နန်းဆောင်တွင်ရှိနေသော နတ်ဆရာမဝမ်ချင်ကလည်း စကားတစ်ခွန်းပြောခဲ့သည်။
"အင်း အရင်ဘဝက အဆုံးသတ်ကောင်းကောင်းမရခဲ့ကြတဲ့ စုံတွဲလေးနှစ်တွဲက အခုပျော်ရွှင်နေကြရပြီ ဒီဘဝတော့သူတို့ကိုအဆုံးသတ်ကောင်းလေး ရချင်မိတယ် ဒါကမိခင်တစ်ယောက်ရဲ့ဆန္ဒတစ်ခုပါ ဖြည့်စည်းပေးတော်မူပါ ကောင်းကင်မင်းကြီး.."

ကျန်းတိုင်းပြည်ကနတ်ဆရာမကလည်း..
"အင်း..တကယ်တော့ရွှေရောင်နဂါးနဲ့ ငွေဖြူရောင်နဂါးက သဘာဝကပေးတဲ့မိတ်ဖက်တွေဖြစ်တယ် ဟက် ဘာကြောင့်သူတို့ကိုခွဲနေကြရတာလဲ.. ဝမ်ချင်နင်ရော ကြည့်ပါအုံးငါတို့ရဲ့သားလေးတွေကို သူတို့ကစွတ်အတင်းခွဲနေကြတာ မင်းကရောဘယ်ရောက်နေလဲဟင်.. ငါနင့်ကိုလွမ်းလှပြီ"

ခေတ်သစ်မှလာသော ကြင်ယာတော်ဝမ်{COMPLETED}Donde viven las historias. Descúbrelo ahora