ep-20 uni

883 68 0
                                    

ခေတ်သစ်မှရောက်လာသောကြင်ယာတော်ဝမ်

အပိုင်း (20)

"ဘာ.. "
ရှောင်ရှင်းချန်တစ်ယောက် သူ့ရဲ့သုံးဖက်မြင်ကဘယ်လိုဖြစ်သွားပြီလဲလို့တောင်တွေးမိသွားသည်။

"ဘယ်..ဘယ်လို..နင်က..ဘယ်လိုလုပ်.. နင်ကယောက်ျားလေးတစ်ယောက်လေ.."

"အာ..ငါရှင်းပြရအုံးမယ်..ငါကယောက်ျားလေးပေမယ့် ကောတစ်ယောက်လေ"

"ကောဆိုတာက..."

"အမ်..ပြောလေ.."

"ဟိုလိုမျိုးလေ. သားအိမ်ပါတဲ့ယောက်ျားလေးတွေကိုပြောတာ"

"အော်..ဟမ်..ဘာ.."

"ဟ..လန့်တာ..မင်းကဘာထဖြစ်.."

"ဒါနဲ့အဲ့လိုမျိုးတွေက ဘယ်လိုခွဲခြားရတာလဲ"

"အမ်း..အဲ့လိုမျိုးက ထင်ရှားတဲ့နေရာမှာ ကျူးရှားကျစ်ဆိုတဲ့ဟာရှိတယ်ကွ ဥပမာ.လည်ပင်းတို့နှာဖူးတို့. လက်ကောက်ဝတ်တို့အဲ့လိုနေရာမျိုးတွေမှာ ရှိနေတာ. ဒီမှာဒီလိုမျိုးလေ"
ပြောလိုက်ပြီးအင်္ကျီလက်ကို မ လိုက်၍ သူ့လက်ကောက်ဝတ်မှာရှိတဲ့
အနီရောင်အစက်ကလေးကိုပြလိုက်သည်။

ရှောင်ရှင်းချန်လည်းလန့်သွားခဲ့သည်။ ဘာလို့ဆိုသူ့ရဲ့လည်ပင်းမှာလည်းအဲ့လိုမျိုးအမှတ် ရှိနေတာဖြစ်သည်။ သူရေချိုးနေတုန်းကတွေ့သွားတာပင်။ သူကလည်းမှဲ့အနီရောင်တောင် ရှိသေးတာလားဆိုပြီးအထူးအဆန်းဖြစ်ခဲ့ရသေးသည်။ အခုတော့..ဘာ.. သူကကိုယ်ဝန်ဆောင်နိုင်တဲ့ယောက်ျားလေးတစ်ယောက်တဲ့။ လောကကြီးမှာဒီလောက်ထူးဆန်းတဲ့ အဖြစ်အပျက်မျိုးတွေနောက်ထပ်ရှိနိုင်ပါအုံးမလား။

"ဘာ.ဘာဖြစ်လို့လဲ.. မင်းကငါ့ကိုရွံသွားတာလား"

"ဟာ..မဟုတ်ပါဘူးကွာ.. တကယ်တော့လေ..ငါ့မှာလည်း.အဲ့လိုမျိုးအမှတ်ရှိနေတယ်ဟ. ဒါဆိုသူတို့ကံဆိုးမိုးမှောင်မကျတာက ငါကကောတစ်ယောက်ကြောင့်မို့တဲ့လား.. ဒါနဲ့လေငါမိန်းမတော့ယူလို့ရသေးတယ်မလား"
(အခုထိကိုအမှတ်မရှိသေးသောရှင်းချန်လေး)

"ဟို..မရတော့ဘူးဟ..နင်ကအထက်မှာနေရင်လဲလေ..နင့်ညီလေးကအလုပ်လုပ်တော့မှာမဟုတ်ဘူး"
ဝမ်လေးကအသံတိုးတိုးလေးဖြင့်ရှင်းပြနေ၏။ (ညီလေးဆိုတာက ခင်ဗျားတို့တွေးနေတဲ့ဟာပဲ)

ခေတ်သစ်မှလာသော ကြင်ယာတော်ဝမ်{COMPLETED}Where stories live. Discover now