အခန်း ၅၃

Start from the beginning
                                    

"အမ်..." 

ယွမ်းစွော်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားပုံက အနည်းငယ် အဆင်မပြေဖြစ်နေပေမယ့် သူက မခုခံရဲပေ။

"Missဖန်း ဒဏ်ရာရထားတာလား"

"အာ...မဟုတ်ဘူး...မဟုတ်ပါဘူး" 

မိုရိချန်က ဘာတွေဖြစ်ခဲ့တာလဲလို့ မေးမှာစိုးတာကြောင့် ဖန်းယာက အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။ ကံအားထောက်မစွာဖြင့် မိုရိချန်က အသေးစိတ် မမေးခဲ့ပေ။

မိုရိချန်က ဟိုဟိုဒီဒီကြည့်လိုက်ရင်း ရိုက်ကူးရေးအဖွဲ့သားတစ်ဦးကို တွေ့လိုက်ကာ နှုတ်ဆက်လိုက်ပြီးနောက် ဖန်းယာကို ဆေးကုသရန် ခေါ်သွားဖို့ပြောလိုက်ကာ ယွမ်းစွော်နှင့်အတူ ထွက်သွားခဲ့သည်။

ဧည့်ခန်းထဲပြန်ရောက်တော့ ယွမ်းစွော်က မိုရိချန် ထူးဆန်းနေတယ်လို့ ခံစားလိုက်ရသည်။ လမ်းတစ်လျှောက်တွင် သူက စကားတစ်ခွန်းမှ မပြောဘဲ လက်ကောက်ဝတ်ကို ဆွဲထားကာ အခြားသူတွေ သူတို့ကို မြင်တာတောင်မှ သူက မလွှတ်ပေးခဲ့ပေ။

ဧည့်ခန်းတံခါးပိတ်သွားသည်နှင့်တပြိုင်နက် သူက ထိုင်ခုံတစ်လုံးကို ဆွဲယူကာ ယွမ်းစွော်ကို ထိုင်ခိုင်းလိုက်ပြီး ဆန့်ကျင်ဘက်တွင် သူက ဝင်ထိုင်လိုက်ကာ အခြေအနေက သူတို့နှစ်ဦး ပထမဆုံးအကြိမ် 'စေ့စပ်ညှိနှိုင်း'တုန်းကလိုပင် ဖြစ်သည်။

ယွမ်းစွော်က မိုရိချန်ရဲ့မျက်နှာပေါ်ရှိ လေးနက်နေတဲ့အမူအရာကို ကြည့်ပြီး သူ့ဘောင်းဘီနှစ်ဖက်ကို စိတ်လှုပ်ရှားစွာဖြင့် ညှစ်နေခဲ့သည်။  

"...မိုရိချန်"

မိုရိချန်က လေသံသာထွက်လာခဲ့သည်။

ယွမ်းစွော်ရဲ့ ဦးနှောက်လေးက အမြန်ဆုံး အရှိန်ဖြင့် လည်ပတ်တွေးကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် နိဂုံးချုပ်လိုက်သည်။ "ကျွန်တော်...ကျွန်တော် လျှောက်မ​သွားပါဘူး။ တစ်ခုခုကူညီပေးပြီး မြန်မြန်ပြန်လာတော့မလို့ပဲ။ညီမဖန်းယာကို အမူးသမားက နှောက်ယှက်နေတာကို တွေ့ခဲ့တာကြောင့်... ကျွန်တော်က သူမကို ကူညီနေတာပါ"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now