သူငယ်ချင်း ညီမ

Start from the beginning
                                    

လေအိုးတို့အိမ်က အရမ်းတင်းကြပ်တာ။ ဇာတ်လမ်းဖြစ်တာက သင်္ကြန်တွင်းကြီးဖြစ်တာ။ အဲ့နှစ်သင်္ကြန်တုန်းက လေအိုးက သူ့ရဲ့ လိုက်ထရပ်လေးကို သင်္ကြန်လိုက်မယ်ဆိုပြီး ထလုပ်ကော။ သူ့မိန်းမကလည်း လေအိုးရဲ့ ပိုးကိုမနိုင်တော့ ထွက်ပေါ့ သူလည်း လိုက်မယ်လေတဲ့။ လင်မယား ၂ ယောက်လုံးက လိုက်မယ်ဆိုတော့။ ဒီကောင့်ညီမ ပေါက်စကလည်း လိုက်မယ် တကဲကဲ။

သူ့အဖေနဲ့ အမေက သင်္ကြန်ဆိုတာနဲ့ တရားစခန်းပဲ ဝင်ခိုင်းတာ ဟိုးကလေးဘဝထဲက။ အခု အသက် ၂၀ ကျော်တောင် တရားစခန်း လွှတ်နေတုန်း။ ပေါက်စကလည်း သူ့အထာနဲ့သူ။ သူ့ဘဲနဲ့ သူပတ်လည်ဖို့ လေအိုးကို အကြောင်းပြတာ။

လေအိုးက ညီမကိုတော့ ချစ်ပါရဲ့။ ဒါပေမဲ့ မိဘနှစ်ပါး ထောင်းမယ့်ဒဏ်ကို ပိုကြောက်တယ်လေ။ ဒီတော့ မနိုင်မယ့်အတူတူ ပေါက်စကို မခေါ်ချင်ဘူး။ ဒီတော့ ထုံးစံအတိုင်း ကျုပ်အိမ်ရောက်ချလာပါကော။ မိန်းမရှေ့မှာ မဲ့ကာ ရွဲ့ကာ တမျိုး ငိုလိုက်ရယ်လိုက်တမျိုး ချွဲနေတော့ မိန်းမကလည်း အမြင်ကပ်လာပုံရတယ်။

“နင်သာလိုက်သွားလိုက်အေ။ တကတည်း သူ့အိမ်ကလည်း လွန်ပါတယ်။ အပျိုကြီးတောင် ဖြစ်တော့မယ် အခုထိ သင်္ကြန်မလည်ခိုင်းဘူး”

ဆိုပြီးပြီး ရွဲ့ပြောတယ်။ ကိုယ့်မိန်းစကား ကိုယ်နားလည်သောကြောင့် သေချာအကျိုးအကြောင်း ရှင်းပြရတာပေါ့။

“ဟဲ့မိန်းမ။ နင်မသိဘူးနော်။ ဒီပေါက်စမက သူ့ဘဲနဲ့ သူလည်ချင်လို့ သက်သက် ဂွင်ဆင်နေတာ”

မိန်းမကို ပြန်ပြောရင်း ပေါက်စခေါင်းကို ဒေါက်ခနဲခေါက်တော့ ပေါက်စက နှုတ်သီးစူသွားသည်။ မတတ်နိုင် .. ကိုယ့်မိန်းမရှေ့တော့ အနိုင်ပေးလို့မရ။ မဟုတ်ရင် ဒီကောင်မလေး လုပ်ပုံနဲ့ ညစာငတ်ဖို့များသည်။

“ဒါများဟယ် သူ့ဘဲမလိုက်ခိုင်းနဲ့ပေါ့။ တို့လင်မယား ၂ ယောက် ထိန်းမယ်လေ။ သူ့အိမ်ကို နင်လိုက်ပြောရင် ရပါတယ်။ ”

မိန်းမဖြစ်သူ၏ စကားကြောင့် စူနေသော နှုတ်သီးက မဲ့သွားသည်။ သူ့အတတ် သူစူးပြီလေ။ ပေါက်စမဲ့သွားတာမြင်တော့ ကျုပ်လည်း မိန်းမ အကြံပေးတဲ့အတိုင်းလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

Plus One Shot Collection(အပြာစာအုပ်စုစည်းမူ့)Where stories live. Discover now