လော့ယွီချန်ရဲ့လက်ကို ကိုင်နိုင်ဖို့ ကျွန်တော် ဆိုးဆိုးဝါးဝါး တောင်းဆုပြုနေမိတယ်။ စက္ကန့်ဝက်လောက်လေးဖြစ်ဖြစ် သူ့ရဲ့လက်ဖဝါးကို ဖျစ်ညှစ်ပေးချင်တယ်၊ အတိတ်မှာတုန်းက ကျွန်တော် အမြဲတမ်း ဒီလိုလုပ်ပေးနေကျဖြစ်တယ်။ သူနဲ့ ကျွန်တော့်ကြားက လျှို့ဝှက်သင်္ကေတတစ်ခုလိုဖြစ်နေပြီး သူ့ကို နှစ်သိမ့်ပေးတဲ့သဘောဖြစ်တာကြောင့် သူကလည်း သေချာပေါက် နားလည်တယ်။

ဒါပေမယ့် ကျွန်တော် သူ့ကို ထိလို့မရဘူး။

သူတို့နေထိုင်တဲ့လောကကြီးနဲ့ ကျွန်တော်က မသက်ဆိုင်တော့ဘူး။ ကူညီပေးဖို့ ကျွန်တော့်မှာ ဘာနည်းလမ်းမှ မရှိဘူး။

ကျွန်တော့်ခေါင်းကို မော့ပြီးတော့ သူတို့တွေကိုလည်း မကြည့်ရဲသေးဘူး။

ထူးဆန်းတဲ့ ဒီလိုတိတ်ဆိတ်မှုမှာ သူ့ရဲ့တုန်ရီနေတဲ့လက်နဲ့တင် ကျွန်တော့်ကို ကြည့်ဖို့ ခက်ခဲစေတယ်။

ထိတ်လန့်မှုကနေ ရှမင်ရှုက အရင်ဆုံး သတိပြန်ဝင်လာတယ်။ သူ့နှုတ်ခမ်းကိုကိုက်ကာ တုန်ရီနေတဲ့အသံနဲ့ ပြောလာတယ် "ဒါပေမယ့်... သူတို့တွေ ရိုးတွင်းခြင်ဆီအလှူရှင်ကို ရှာတွေ့သွားတယ် မဟုတ်ဘူးလား?"

သူတို့နှစ်ယောက်ရဲ့အမူအယာတွေကနေ နောက်ဆုံးမှာ ရှောင်လုလည်း သူက မပြောသင့်တဲ့တစ်စုံတစ်ရာကို ပြောခဲ့မိတယ်ဆိုတာ သတိပြုမိသွားတယ်။

ဒါပေမယ့် တအားနောက်ကျသွားပြီဖြစ်တာကြောင့် လော့ယွီချန်နဲ့ ရှမင်ရှုတို့ရဲ့ စိုးရိမ်တကြီးဖြစ်နေတဲ့မျက်နှာတွေက အရောင်မရှိတော့တာတောင် သူ့ကိုယ်သူအားတင်းကာ အမှန်အတိုင်းဆက်ပြောဖို့သာရှိတော့တယ်။

"အဲ့တာက သူ့ရဲ့ကျန်းမာရေးနဲ့ ဘာမှမဆိုင်ဘူး... ရှောင်ဟန်းက ကိုယ့်ကိုယ်ကို သတ်သေသွားတာ"

သူပြောလို့တောင် မပြီးသေးခင် ကားတံခါးက ဘန်းခနဲ ဆွဲဖွင့်ခံလိုက်ရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက လော့ယွီချန်ရဲ့ဆွဲထုတ်သွားခြင်း ခံလိုက်ရကာ ကားရဲ့ဘေးဘက်အခြမ်းမှာ အကြမ်းပတမ်းဖိကပ်ခံလိုက်ရတယ်။

လော့ယွီချန်ရဲ့မျက်နှာက ကြောက်စရာကောင်းလောက်အောင် ရှုံ့တွနေပြီး သူ့လက်ခုံပေါ်က သွေးကြောတွေကိုတောင် အတိုင်းသား မြင်နေရတယ်။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now