"သူက ချစ်သူများနေ့မှာတောင် ဘာမှမလုပ်ဘူးပဲ၊ ကြည့်ရတာ ရှောင်ဟန်းက ဒီတစ်ခေါက်တော့ ခင်ဗျားကို တကယ်ထပ်မလိုချင်တော့ဘူးနဲ့ တူပါရဲ့"

"မဟုတ်မှ သူကရုတ်တရက်ကြီး သူ့ဘေးနားမှာ ပိုတော်ပြီးကြည့်ကောင်းတဲ့လူတွေ အများကြီးရှိနေတယ်ဆိုတာကို သတိထားမိသွားလို့ ခင်ဗျားကို နောက်ဆုံး လက်လျှော့ဖို့ ဆုံးဖြတ်လိုက်တာများလား?"

လော့ယွီချန်က မေးစေ့ကို စောင်းကာ ရှမင်ရှုကို အေးတိအေးစက် စိုက်ကြည့်လိုက်တယ်။

"ကျွန်တော်က အမှန်တရားကို ပြောပြရုံပါ၊ အရင်ချစ်သူများနေ့တွေတုန်းကဆို သူက ခင်ဗျားအတွက် အလုပ်ရုံမှာ ချောကလက်လုပ်ပေးဖို့ ရူးရူးမိုက်မိုက်နဲ့ ဆွစ်ဇာလန်ကိုတောင် လေယာဉ်စီးသွားတတ်တာလေ၊ ဒီနှစ်မှာ ခင်ဗျားကို ဖုန်းလေးတစ်ခါတောင် မဆက်တော့ဘူးလို့ ဆုံးဖြတ်ထားတာပဲ"

ရှမင်ရှုက သူ့ကို 'စေတနာထက်သန်စွာ' သတိပေးလိုက်တယ် "တွေးကြည့်ပါလား၊ သူ့ဘေးနားမှာနေနိုင်မယ့် အခွင့်အရေးတစ်ခုရဖို့ စောင့်နေကြတဲ့သူတွေကို... မဟားတရား ညီအစ်ကိုအစွဲအလမ်းကြီးတဲ့ ဥက္ကဌကြီးဖန်းနဲ့ မော်ဒယ်လိုအချိုးအစားရှိတဲ့ ကပြားအလှလေးလုတောင်မှ ရှိလိုက်သေးတယ်၊ အာ..."

"ဟုတ်တာပေါ့၊ ရှောင်ဟန်းသာ ကိစ္စတွေကို တွေးကြည့်နိုင်သရွေ့ သူ့အတွက် စောင့်မျှော်နေတဲ့ လှပတဲ့လောကအသစ်တစ်ခုကို သူ ရှာတွေ့နိုင်မှာပဲ"

ပုံမှန်အားဖြင့် ရှမင်ရှုက နတ်သားလေးတစ်ပါးဆိုပေမယ့် ရံဖန်ရံခါ ဖျက်လိုဖျက်ဆီးလုပ်ချင်လာပြီဆိုရင်တော့ first blood ကို ဒီလိုမျိုး လွယ်လင့်တကူ ရအောင်လုပ်နိုင်တယ်။

လော့ယွီချန်တစ်ယောက် ကြီးမားတဲ့ရိုက်ချက်ကြီးတစ်ခု ခံစားလိုက်ရတာ သိသာတယ်။

တကယ်တော့ ညီအစ်ကိုအစွဲအလမ်းကြီးတယ်ဆိုတဲ့ ကိစ္စမှာ... ဖန်းရှဲ့ယိက အဲ့လောက်တော့လည်း အဆိုးကြီးမဟုတ်ပါဘူး။

ဘယ်လိုနေနေ ကျွန်တော်တို့မှာ တခြားမိသားစုဝင်တွေလည်း မရှိတော့တာကြောင့် သူက မလွှဲသာဘဲ ကျွန်တော့်ကို နည်းနည်းလေး ပိုဂရုစိုက်ပေးတာဖြစ်တယ်။

Like Love But Not [ ဘာသာပြန် ]Wo Geschichten leben. Entdecke jetzt