Part - 33 ( U )

7.2K 472 1
                                    


ရှိန်း၏မေမေတို့သည်အွန်တေးရီးယိုးပြည်နယ် အော့ဝါမြို့တွင် နေထိုင်တာဖြစ်၏။အော့ဝါမြို့သည် ကနေဒါနိုင်ငံ၏အဓိကမြိုတော်ဖြစ်သော်လည်းအကြီးဆုံးမြို့မှာ တိုရွန်တိုမြို့ဖြစ်၏။

ရှိန်းမေမေ၏နောက်ယောင်္ကျားသည် အတော်ချမ်းသာဟန်ရှိသည်။ကျယ်ဝန်းလှသည့်ခြံဝန်းကြီးအတွင်းတွင် သုံးထပ်တိုက်ကြီးမှာ ခန့်ညားစွာတည်ရှိ၏။ထို့ပြင် ရေကူးကန်ပါရှိပြီး ပန်းခြံလည်းရှိ၏။

ရှိန်းသည် ဧည့်ခန်းတွင်ခါးကိုမတ်မတ်ထားကာထိုင်နေသည်။သူ၏မေမေသည် သူ့အနားတွင်ထိုင်ကာ သူ့သားမျက်နှာလေးအားပြုံးလျက်မျက်တောင်မခတ်ငေးကြည့်နေသော်လည်း ရှိန်းကမူ မျက်နှာတည်ကြီးဖြင့်သာ ပြန်ကြည့်နေ၏။

" မား  ထမင်းစားကြတော့မလား. "

ထိုစဉ် အနားရောက်လာသူမှာ အိုဇန်ဖြစ်၏။အိုဇန်သည်အိုနေး၏အစ်ကိုဖြစ်သည်။သုံးမိနစ်စော၍လူ့ပြည်ကိုအရင်ရောက်ခဲ့သောအစ်ကိုဖြစ်၏။အိုဇန်နဲ့အိုနေး၏ကွာခြားချက်မှာ ဆံပင်ဖြစ်သည်။အိုဇန်ကအဖြူရောင်ဖြစ်ပြီး အိုနေးကအဝါရောင်ဖြစ်သည်။မျက်လုံးအရောင်၊အရပ်ကအစတူသောသူတို့နှစ်ယောက်ကိုဆံပင်နဲ့သာခွဲခြားနိုင်သည်။

". စားမယ်လေ လာ သား ထ.. "

ရှိန်းရဲ့လက်ကိုဆွဲထူကာ ထစေတော့ ရှိန်းချက်ချင်းပင်ထရပ်လိုက်ကာ သူ့မေမေအားပြုံးပြလိုက်၏။

" သားရေချိုးလိုက်အုန်းမယ် ‌မေမေ.. "

". အင်းအင်း သားအခန်းကိုအိုနေးပြပေးလိမ့်မယ်.. "

". ဟုတ်ကဲ့ .. "

အို‌ဇန်နဲ့မေ‌မေ မီးဖိုခန်းထဲဝင်သွားသောအခါ အိုနေးထွက်လာသည်။ပြန်ရောက်ကတည်းက အဝတ်အစားမလဲရသေးပဲကူနေဟန်တူသည်။‌အဝတ်အစားတွေက လေယာဉ်ပေါ်မှာဝတ်ထားသောအဝတ်အစားတွေသာဖြစ်သည်။

" လာလေ အစ်ကို့ ကျွန်တော်လိုက်ပြပေးမယ်.. "

". အင်း.. "

အိုနေးကရှေ့ကအရင်သွားနှင့်ပြီး ရှိန်းကသူ့နောက်ကနေလိုက်သွားရသည်။ရှိန်းနေရမည့်အခန်းရှေ့ရောက်တော့ အိုနေးသည် အခန်းတံခါးကိုဖွင့်ပေးလိုက်ကာ ရှိန်းအားပြုံးပြလာသည်။

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now