Part - 13 ( U )

10.4K 794 2
                                    


နိုင်ကမ္ဘာတစ်‌ယောက် ကလပ်ထဲကVVIPအခန်းထဲမှာ ထိုင်ရင်း
ဆေးလိပ်သောက်နေသည်။ဘေးဘက်ဝဲယာမှာလည်း
အလှပျိုတွေကအပြည့်။အပြင်ကနေဝင်လာတဲ့DJသံတွေကို
နံရံအထူကြီးတွေကကာရံထားတာမို့ တိုးတိုးသာကြားနေရသည်။
စားပွဲပေါ်ကအရက်ခွက်ကို ကောက်ယူလိုက်ပြီး တခါတည်းအကုန်မော့သောက်ပစ်လိုက်သည်။ပြီးတော့....

"  ထွေးပန်းချီရဲ့ နောက်ကြောင်းကိုစုံစမ်းလိုက်စမ်း... "

နိုင်ကမ္ဘာ သူ့မန်နေဂျာကို ဓာတ်ပုံတစ်ခုကိုပေး၍ ထွေးပန်းချီရဲ့အကြောင်းကိုစုံစမ်းခိုင်းလိုက်သည်။
ဈာန်ဒီပါမောင်ရဲ့ အသည်းအသက်လေးအကြောင်းကို
ငါ စိတ်ဝင်စားတယ်။

" ဟုတ်... "

နိုင်ကမ္ဘာရဲ့ မန်နေဂျာဆိုသူက ခေါင်းညိမ့်ပြလိုက်ပြီး
အမိန့်ကိုနာခံရန် အပြင်သို့ထွက်လာခဲ့တော့သည်။

မမကလျာက မုန့်ဟင်းခါးစားချင်တယ်ဆို၍ ကြီးမြကမုန့်ဟင်းခါးချက်ကျွေးလေသည်။စောက ကလျာအတွက် မုန့်ဟင်းခါးထည့်ပေးနေကာမိငယ်ကတော့ ကြီးမြနားမှာကူပေးနေလေသည်။

"  အယ် ထွေးငယ် ဈာန့်ကိုသွားခေါ်ပေးပါအုန်း သူကမုန့်ဟင်းခါးသိပ်ကြိုက်တာ... "

မမကလျာက ထိုင်ခုံတစ်ခုံမှာ ဝင်ထိုင်လိုက်ပြီး မုန့်ဟင်းခါးပြင်ပေးနေတဲ့ ထွေးငယ်ကိုပြောလိုက်တော့ ထွေးငယ်ကဟုတ်ဆိုကာ အပေါ်ထပ်ကိုတက်သွားလေသည်။

စောအပေါ်ထပ်ကိုတက်လာတော့ ဈာန်ရဲ့အခန်းတံခါးကဖွင့်ထားတာဖြစ်သည်။အဲဒါနဲ့သူလည်းမခေါ်တော့ပဲ အခန်းထဲသို့ဝင်လာလိုက်တော့ တဘက်အဖြူကိုခါးမှာပတ်ပြီး ရေချိုးခန်းထဲမှ ထွက်လာသော ဈာန်။
ကြွက်သားတွေနဲ့ကြည့်ကောင်းတဲ့ဈာန့်ရဲ့ခန္ဓာကိုယ်ကို စောအတော်ကြာအောင် ငေးကြည့်နေမိသည်။ပြီးတော့ တံထွေးတချက်မြိုချလိုက်ပြီး ဈာန့်မျက်နှာကိုကြည့်လိုက်တော့ ဈာန့်ကသူ့ကိုစိုက်ကြည့်နေတာမို့ လန့်သွားကာ ရင်ဘတ်ကိုဖိ၍ အော်လိုက်မိသည်။

" အမလေး... "
". ကြည့်မဝသေးဘူးထင်လို့ .. "
". ဟို ဟို အဲလို မဟုတ် အမ် မမကလျာက မုန့်ဟင်းခါးစားဖို့ခေါ်ခိုင်းလိုက်လို့ပါ... "
". အင်း လာခဲ့မယ်..."

မောင့်ပန်းချီ [ 𝐜𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝 ] Where stories live. Discover now