အခန်း ၅၁

Start from the beginning
                                    

နှစ်ယောက်လုံး စကားထပ်ပြန်မပြောကြတော့ပေ။

မိုရိချန်က စောင်ကို ပြန်ပေးလိုက်ပြီး သူ့ကို ခြုံပေးလိုက်သည်။ မျက်လုံးချင်း ဆုံလိုက်တဲ့အခါ တစ်ယောက်နှင့်တစ်ယောက် နှလုံးသားရဲ့ အနူးညံ့ဆုံးအပိုင်းကို မြင်လိုက်ရသလိုပင်။

——

မကြာခင်မှာပဲ ယွမ်းစွော်က သူ့ရဲ့နောက်ဆုံးစာမေးပွဲကို ဖြေခဲ့သည်။

ကံကောင်းထောက်မစွာပင် သူ ရွေးချယ်ထားခဲ့တဲ့ ဘာသာရပ်တွေက အတော်လေး လိုက်လျောညီထွေရှိသည်။ သရုပ်ဆောင်သင်တန်းတွင် အဖွဲ့တစ်ဖွဲ့က ပြီးပြည့်စုံတဲ့ အလုပ်တစ်ခုကို တင်ပြရန် လိုအပ်ပြီး အချက်အပြုတ်သင်တန်းက အချိုပွဲတစ်ပွဲ ပြင်ဆင်ပေးဖို့ လိုအပ်သည်။လက်မှုအနုပညာက ယွမ်းစွော်ရဲ့ ပိုင်နိုင်တဲ့အလုပ်ဖြစ်တာကြောင့် သီအိုရီဗဟုသုတနှင့် အလုပ်က ပြဿနာမရှိပေ။ သို့သော် ဒါက ဂိမ်းအကယ်ဒမီမှာ သူ့ရဲ့ပထမဆုံးအကြိမ်နောက်ဆုံးစာမေးပွဲ ဖြစ်တာကြောင့် စိတ်လှုပ်ရှားနေတာကိုတော့  ရှောင်လွှဲလို့မရပေ။ ကံကောင်းစွာဖြင့် အားလုံးအဆင်ပြေသွားခဲ့ပြီး ကျန်တာကတော့ နောက်ဆုံးရလဒ်ကို ထုတ်ပြန်ကြေညာဖို့ စောင့်ဆိုင်းရုံသာရှိတော့သည်။

စာသင်နှစ်ရဲ့ နောက်ဆုံးကျောင်းကားက elvesတွေကို သူတို့ရဲ့ တိုက်ခန်းဆီသို့ ပြန်ခေါ်သွားခဲ့သည်။

စုရီက မကြာသေးမီက စီးပွားရေးပိုင်ဆိုင်မှု ယွမ်တစ်ရာဘီလီယံရှိတဲ့ ရုပ်ရှင်ဧကရာဇ်နှင့် သူ့အဖေရဲ့အကြွေးတွေကို ဆပ်ပေးနေရတဲ့ ဆင်းရဲတဲ့ကောင်လေးတို့ကြားက အချစ်အမုန်းဆက်ဆံရေးအကြောင်း ဖြစ်တဲ့ 'Evilly Charming Movie Emperor's Light Love' အမည်ရှိတဲ့ဝတ္ထုသစ်ကို စတင်ထုတ်ဝေခဲ့သည်။

ယွမ်းစွော်က နေ့တိုင်း စောင့်ဖတ်နေခဲ့သည်။ သူ့အတွက်ကတော့ ဇာတ်ကွက်ထဲက အတက်အကျတွေက စိတ်လှုပ်ရှားစရာကောင်းပြီး ဝတ္ထုထဲက ရုပ်ရှင်ဧကရာဇ်ကလည်း မိုလို့မျိုရိုးနာမည်ရှိပေမယ့် ဝတ္ထုထဲက ဧကရာဇ်ရုပ်ရှင်ကတော့ မိုရိချန်နှင့် လုံးဝမတူဘဲ သူက တစ်ခါတစ်ရံ အနည်းငယ်ကြမ်းတမ်းလှသည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now