အခန်း ၅၁

Start from the beginning
                                    

"ဒူဒူက ကိုယ့်အကြောင်းကို အရမ်းလေးလေးနက်နက်တွေးနေတာကြောင့်မို့ နေမှာပေါ့"

"....."

ဒီတစ်ခါတော့ ယွမ်းစွော်က စောင်ထဲက ထွက်လာဖို့ အရမ်းရှက်သွားခဲ့သည်။ ဒါပေမယ့်... မိုရိချန်က သူ့ရဲ့သံသယတွေကို အခုပဲ ဖြေပေးလိုက်ပုံရသည်။ သူက ဟုတ်တယ်လေလို့ ပြောခဲ့ပေမယ့် အဲဒါက ဘာကို ဆိုလိုတာလဲ။

အသေးလေးက ဘာတွေတွေးနေတာလဲဆိုတာကို မှန်းဆမိသွားပြီး မိုရိချန်က 'ပစ္စည်းတစ်ခုကို ဆွဲထုတ်လိုက်သည်'ဆိုတဲ့ခလုတ်ကို နှိပ်လိုက်ပြီး စောင်အောက်မှ 'ခရုခွံလေး'ကို ဆွဲထုတ်လိုက်သည်။ ယွမ်းစွော်က ဒါကို မရှောင်နိုင်တော့ဘဲ မာ့ရှ်မယ်လိုကို လက်တစ်ဖက်တည်းနဲ့သာ ကိုင်ထားနိုင်ပြီး နောက်တစ်ဖက်က ခေါင်းအုံးကို ကိုင်ဆွဲထားကာ ခွေခေါက်နေခဲ့သည်။

မိုရိချန်က ဖုန်းထဲကအချိန်ကို တစ်ချက်ကြည့်လိုက်တော့ ၂၂နာရီလောက် ရှိနေပြီဖြစ်တာကြောင့် ပြောလိုက်သည်။ "အနမ်းတစ်ပွင့်က ကိုယ်တို့ရဲ့ဆက်ဆံရေးကို သက်သေမပြနိုင်ဘူးလို့ထင်ရင် နောက်ထပ်နှစ်နာရီလောက်စောင့်လိုက်။ နောက်ထပ်အနမ်းတွေရပြီးရင် မင်းနားလည်သွားလိမ့်မယ်" 

ယွမ်းစွော်ရဲ့လည်ပင်းတစ်လျှောက်တွင် အနီရင့်ရောင်များ သမ်းသွားပြီး အမြန်​ခေါင်းယမ်းလိုက်သည်။ "အဲ့လို...အဲ့လိုလုပ်ဖို့မလိုပါဘူး"

သို့သော် အမှောင်ဘက်ခြမ်းမှာ ပုန်းနေတဲ့ သူ့ပါးစပ်ထောင့်လေးက လခြမ်းလေးလို ကွေးသွားခဲ့သည်။

"တကယ်လား"

"အွမ်း"

"မှန်ကန်ကြောင်းသက်သေပြဖို့ နှစ်နာရီလောက်စောင့်လိုက်တာက ပိုကောင်းမယ်ထင်တာပဲ"

"မဟုတ်ဘူး...မလိုပါဘူး"

မာ့ရှ်မယ်လိုက နောက်ဆုံးတွင် ဒီ'တူတူပုန်းတမ်း' ကို စိတ်မဝင်စားတော့ဘဲ ယွမ်းစွော်ရဲ့ ရင်ခွင်ထဲမှ ထွက်လာကာ ဖန်သားပြင်ဘေးသို့ ပြေးသွားပြီး မိုရိချန်ကို အမြီးနှံ့ပြလိုက်သည်။ မိုရိချန်က သူ့ကို အဝေးကို သွားစေဖို့ အမဲသားတုံးလေးတစ်ပိုင်းကို လွှင့်ပစ်ပေးလိုက်သည်။ သူက ခေါင်းကို လှည့်ကြည့်လိုက်တော့ ယွမ်းစွော်က ထထိုင်နေပြီး သူ့ကို စူးစူးစိုက်စိုက် ကြည့်နေခဲ့တယ်ဆိုတာကို တွေ့လိုက်ရပြီး သူ့မျက်လုံးဝိုင်းကြီးတွေမှာ ရှက်ရွံ့မှုတွေ ရှိနေသေးပေမယ့် သူတို့က ပိုပျော်ရွှင်ပြီး စိတ်ပိုင်းဖြတ်ထားကြပုံပေါ်နေသည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now