အခန်း ၅၁

Start from the beginning
                                    

ယွမ်းစွော်က ဒါကိုဖော်ပြဖို့ သင့်လျော်တဲ့ စကားလုံးကို ရှာမတွေ့ခဲ့ပေ။

"ဝုတ်!"

"ဒါဆို ငါတို့က..." 

ယွမ်းစွော်က မာ့ရှ်မယ်လိုရဲ့ စိုစွတ်နေတဲ့ နှာခေါင်းလေးကို ဖြေးဖြေးလေးတွန်းလိုက်သည်။

"ဟုတ်တယ်လေ" 

သူ့နောက်က ဖန်သားပြင်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ယွမ်းစွော်က အလွန်​လန့်သွားပြီး မာ့ရှ်မယ်လိုကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်တော့သည်။

ယွမ်းစွော်က သူ့ခေါင်းကို လှည့်လိုက်ပြီး ဖန်သားပြင်ပေါ်တွင် တည်ငြိမ်နေတဲ့ မိုရိချန်ကို မြင်လိုက်တော့ သူက မြေကြီးထဲမှာ ကျင်းတစ်ကျင်းတူးပြီး သူ့ကိုယ်သူ နှစ်လိုက်ချင်တော့တာကြောင့် တကယ်ကို စောင်အောက်ကို တိုးဝင်သွားခဲ့ပြီး မာ့ရှ်မယ်လိုကလည်း တူတူပုန်းတမ်း ကစားနေတာလို့ ထင်ခဲ့တာကြောင့် သူ့လက်မောင်းတွေထဲတွင် နာခံစွာ နေနေပြီး လျှာလေးကို အပြင်ထုတ်ထားခဲ့သည်။

မိုရိချန်က အသေးလေး ဒီလိုတုံ့ပြန်မယ်လို့ မမျှော်လင့်ထားပေ။ သူက ခဏလောက် အံ့သြသွားပြီးနောက် ကျယ်လောင်စွာ ရယ်တော့သည်။

မိုရိချန်ရဲ့ရယ်သံကိုကြားတော့ ယွမ်းစွော်က စိတ်ဆိုးသွားခဲ့သည်။ 

"မိုရိချန်က သူလျှို့ဝှက်ကိုယ်ပျောက်မုဒ်ကို နောက်တစ်ကြိမ် ထပ်မသုံးတော့ဘူးလို့ ပြောခဲ့ရဲ့သားနဲ့"

စောင်အတွင်းမှ အသံက နူးညံ့ပြီး ပျော့ပျောင်းတဲ့အသံဖြစ်နေပြီးသားဖြစ်ပေမယ့် အခြားအလွှာကို ဖြတ်ပြီး စကားသံထွက်လာတဲ့အခါ ပိုပြီး ချစ်စရာကောင်းသွားခဲ့သည်။ မိုရိချန်က အဲဒါကို သည်းမခံနိုင်တော့ပေ။ 

"ကိုယ် အခု လျို့ဝှက်ကိုယ်ပျောက်မုဒ်ကို မသုံးခဲ့ပါဘူး"

သူ...သူမသုံးခဲ့ဘူးလား။

"ဒါဆို ဘာလို့ ကျွန်တော်ကသတိမထားမိတာလဲ"

မိုရိချန်ရဲ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲလာခဲ့သည်: 

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now