"လူကြီး သူ့တို့ကို ဘာလုပ်လိုက်တာလဲ ?"

"နာငြီးလို့ ပေးအိပ်လိုက်တာ !"

ဝိုင်းစက်နေတဲ့ မျက်ဝန်းအိမ်ရှိ မျက်တောင်စိပ်စိပ်လေးတွေဟာ ယပ်တောင်လေးသဖွယ် တဖျက်ဖျက်ခပ်သွားသည်။အခု ဂျောင်ကုရှေ့က လူကြီးက ဘာပါလိမ့်။ဂျောင်ကုတို့နှစ်ယောက်ကလွဲပြီး ဝန်းကျင်တစ်ခုလုံးက သက်ရှိသက်မဲ့မှန်သမျှဟာ အားလုံးရပ်တန့်နေသည်။အဲ့လိုဖြစ်အောင်လည်း လူကြီးကပဲလုပ်တာ။

"အဲ့လို လုပ်ချင်တိုင်းဖြစ်ရအောင် လူကြီးကဘာမို့လဲ?"

"ကိုယ်လုပ်ချင်ရင် ဒီလိုလည်းဖြစ်တယ်~"

"လေ လေပေါ်မှာ~ လူကြီးက ဘာကြီးလဲ?"

ဂျောင်ကုရှေ့က ကားကြီးဟာ လေပေါ်မှာ ငြိမ်သက်သွားသလို ထိုးထားမိတဲ့ဂျောင်ကုလက်ညိုးလေးတွေ တုန်ခါလာသည်။တကယ်ပဲ လူကြီးက !

မဟုတ်မှ စုန်းကြီးလား..!

"အဟွန်း!"

"မ မလာနဲ့ ! အား..! မေမေရေ..!"

ပြေးတော့မဲ့ခြေလှမ်းတွေဟာ တုံ့ခနဲ။မဟုတ်ဘူး ဂျောင်ကု ရပ်လိုက်တာမဟုတ်ဘူး။ဂျောင်ကု ရှေ့ကိုဆက်မလှမ်းနိုင်အောင် ဟန့်တားခြင်းခံလိုက်ရတာ။မည်မျှအားထုတ်နေပါစေ အချည်းနှီးသာ။ဂျောင်ကု အနှစ်နှစ်အလလလေ့ကျင့်ကာ ထွက်လာတဲ့ ဗလတွေဟာ အခုချိန်အသုံးမဝင်တော့။

လူကြီးက ရုပ်ချောသလောက် သိပ်စိတ်ပုတ်တာပဲ!

ဂျောင်ကု ခေါင်းထဲ အတွေးတွေ ဝဲပျံနေသည်။ခုချိန်မှာ ဒီနေရာက ထွက်သွားဖို့က အရေးကြီးဆုံး။ဂျောင်ကု မသေချင်သေးပါ။ထိုအတွေးတွေနဲ့အတူ မျက်လုံးများစုံမှိတ်ချလျက် လက်အုပ်ပါ ချီပစ်လိုက်ကာ....

"လူ လူကြီး အင့်! ကျွန်တော် လူကြီးနဲ့ တစ်ခါပဲဆုံဖူးတာလေ ! အဲ့ အဲ့တုန်းက လူကြီးကို ရန်တွေ့တာမဟုတ်ဘူး‌လေ ! နို့ နို့တောင် တိုက်တာလေ ! ကျွန်တော် ခုထိ မိန်းမ မယူရသေးဘူး ! "

အသံတွေက အဖျားခတ်ခါနေကာ ငိုသံစွတ်လာသည်။ဘယ်လောက်ပဲ သတ္တိရှိတယ်ပြောပြော ကြောက်ပါသည်။လူကြီးက သာမန်မှမဟုတ်တာ။

The KIMWhere stories live. Discover now