အပိုင်း(5) Un Zaw

Start from the beginning
                                    

"  သနပ်ခါးတွေနဲ့ မွှေးနေတာဘဲကွာ

"နမ်းရဲ့ဆိုတာကိုနမ်းနေတယ် ဖိုးဖိုးနဲ့တိုင်ကြောမှာ

"ခွပ်ဒေါင်းမာန် မင်းမျက်နှာ မသစ်ရသေးဘဲနဲ့ ကလေးကို နမ်းမနေနဲ့ ငါမြေးလေးက ကျောင်းသွားတော့မှာ

" ဟုတ်ရယ် ဦးဦး ခွက်ဒေါင်းညစ်ပတ်ရယ်

"မြင်လားကလေးတောင်သိတယ်

" အဖေကလဲ

အဖေကမောင်လေးကိုဆူတော့တယ်နှင်းသွေးလဲဘာမှဝင်ပြောမနေဘဲ ဖိုးသားလေးစားဖို့ မုန့်လေးတွေကို လွယ်အိတ်ထဲ ထည့်ပေး နေလိုက်တော့တယ်

ဖိုးသားလေးကသိပ်ကိုသနားစရာကောင်းသည် အဖေဖြစ်သူကလဲ လယ်ထဲသွားရင်း မြွေပေါက်လို့ဆုံးသွားသည် အမေဖြစ်သူကလဲ ကျန်းမာရေးမကောင်း သားမိနှစ်ယောက်သား ခြုံထဲမှ အသီးအရွက်လေးတွေစိုက်ရောင်းပြီး စာဝတ်နေရေးဖြေရှင်းနေရသည်။
အဲ့တာတွေကြောင့်လဲ ခွပ်ဒေါင်းမာန်နဲ့အိမ်ကလူ‌တွေကသနားချစ် ချစ်နေရတာ

"တီတီသား  ကျောင်းတွားတော့မယ်နော်

" ခွပ်ဒေါင်းကလေးကို ကျောင်းလိုက်ပေးလိုက်စမ်း ဒေါ်မြင့်က ဈေးရောင်သွားရမှအားမှမဟုတ်ဘူး

" မွ ဦး မျက်နှာသစ်လိုက်အုံးမယ်ခဏနော်

ခွပ်ဒေါင်း  အုတ်ကန်ထဲကရေတစ်ခွက်ကိုခပ်ပြီး မျက်နှာအရင်သစ်လိုက်ပြီး မီးသွေးခဲနဲ့ သွားတိုက်လိုက်တော့သည်။ သွားတိုက်ဆေးတွေရှိပေမဲ့လဲ ကျုပ်ကတော့အဲ့တာတွေကိုမကြိုက် ရိုးရိုးဆားနဲ့ မီးသွေးခဲကိုသာတိုက်သည်။ မျက်နှာသစ်ပြီးသွားတာနဲ့ မျက်နှာကို ခွပ်ဒေါင်းခါးက ပုဆိုးကိုဖြေသုတ်လိုက်ပြီးထွက်လာခဲ့တော့သည်။

"လာသွားကြမယ်

ခွပ်ဒေါင်း ဖိုးသာလေးကို ချီလိုက်ပြီလွယ်အိတ်လေးကိုဘေးချလွယ်လိုက်ပြီး

"ကလေးကိုသေချာဂရုတစိုက်ခေါ်သွားနော်

"သိပါတယ်ဗျာ  ဆရာကိုလုပ်တယ်

"ဘာမင်းမင်း ပြန်လာမှတွေ့မယ်

ခွပ်ဒေါင်းအဖေကိုစခဲ့ပြီးထိုနေရာကနေ အမြန်ထွက်လာခဲ့ တော့တယ်။ မဟုတ်ရင် ရေနွေးခွက်နဲ့ကောက်ထုခံရနိုင်သည်။

ဒေါင်းWhere stories live. Discover now