အခန်း ၄၉

Start from the beginning
                                    

ယွမ်းစွော်ရဲ့ဖဲကြိုးကို ဆွဲမိသူက စင်မြင့်အလယ်သို့ တိုက်ရိုက်မလျှောက်သွားဘဲ ယွမ်းစွော်ဆီသို့ တည့်တည့်လျှောက်လာပြီး လက်ကိုတွဲရင်း စင်မြင့်ပေါ်သို့ ပို့ပေးလိုကြောင်းပြသကာ လူကြီးလူကောင်းတစ်ယောက်လို သူ့လက်ကို ဆန့်ထုတ်လိုက်သည်။

ဒီလှုပ်ရှားမှုက လက်ရှိမှာ ရှိနေတဲ့သူတွေကို အာရုံဖမ်းစားလိုက်နိုင်သည်... ဒါက အဓိပ္ပာယ်ရှိလိုက်တာ အမှန်ပဲ။ ထိုအချိန်မှာပဲ သွယ်လျတဲ့ ဆယ်ကျော်သက်လေးကို သတိပြုမိသွားခဲ့ကြသည်။ သူ့မျက်နှာတစ်ဝက်လောက်ကို ဖုံးအုပ်ထားတာကြောင့် သူက တကယ်ဘယ်လိုပုံစံလဲဆိုတာကို ဘယ်သူမှ မသိနိုင်ပေမယ့် သူ့မှာ နွေးထွေးသန့်ရှင်းတဲ့ နေရောင်ခြည်လို ထူးခြားတဲ့ ရောင်ဝါတစ်ခုရှိနေတာကြောင့် ဘယ်သူ့ကိုမဆို သူ့အနားမကပ်ဘဲ မနေနိုင်အောင် ဖြစ်နေစေသည်။

ကမ်းလာတဲ့ လက်ကို ကြည့်လိုက်မိရင်း ယွမ်းစွော်ရဲ့မျက်နှာက ဖြူဖျော့သွားခဲ့သည်။ သူကတုံ့ပြန်ချင်တဲ့အတိုင်း လက်တစ်ဖက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ပေမယ့် တစ်ဖက်လူရဲ့လက်ကို ထိခါနီးမှာပင် သူ့ခန္ဓာကိုယ်က ချက်ချင်း နှစ်ကြိမ်ခန့် ယိမ်းယိုင်ကာ အောက်ကို တည့်တည့်ပြုတ်ကျသွားတော့သည်။

ထိုလူက ထိတ်လန့်သွားပြီး ဖမ်းယူဖို့ သူ့လက်ကို ဆန့်ထုတ်လိုက်သည်။  ဘေးနားတွင် စောင့်နေပြီဖြစ်တဲ့ မိုရိချန်က ထိုလူက မထိခင်မှာပဲ ယွမ်းစွော်ကို သူ့ရင်ခွင်ထဲသို့ အမြန်ပွေ့လိုက်သည်။

ယွမ်းစွော်က မျက်လုံးမှိတ်ထားပေမယ့် ပါးစပ်က အနည်းငယ်ပွင့်နေခဲ့သည်။ အနည်းငယ် အသက်ရှူရခက်နေပုံပေါ်ပြီး သူ့ပုံစံက အလွန်သနားစရာကောင်းနေခဲ့သည်။

"ဒူဒူ! ဒူဒူ မင်းဘာဖြစ်တာလဲ" 

မိုရိချန်က အလွန်စိုးရိမ်နေပုံရပြီး သူ့လည်ပင်းတွင် အပြာရောင်သွေးပြန်ကြောများတောင် ပေါက်ထွက်နေခဲ့သည်။

မြင်ကွင်းက ဖရိုဖရဲဖြစ်သွားခဲ့သည်။

ချန်စန်းလည်း အလွန်ထိတ်လန့်သွားသည်။ ယွမ်းစွော်က တကယ်ကို မူးလဲသွားတာလို့ ထင်မိတဲ့အတွက် ဆေးရုံပို့ဖို့ ကားခေါ်ရန် သူ့ဖုန်းကို ထုတ်လိုက်သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now