အခန်း ၄၉

En başından başla
                                    

ထို့နောက် နှင်းဆီပန်းကို ကိုင်ကာ ကောင်မလေးဆီသို့ ပြန်သွားခဲ့သည်။ ကောင်မလေးရဲ့မျက်နှာက အံ့သြမှုဖြင့် နီမြန်းနေခဲ့သည်။

သူက ယဉ်ယဉ်ကျေးကျေး ပြုံးပြလိုက်ပြီး လေးနက်ကောင်းမွန်တဲ့အသံဖြင့် ပြောလိုက်သည်။

 "ဒီပန်းက ဒီညရဲ့ အလှဆုံး မိန်းကလေးအတွက်ပါ"

ကောင်မလေးက အံ့သြစွာ ပါးစပ်ဟသွားပြီး ပန်းကို စိတ်အားထက်သန်စွာ ယူလိုက်သည်။

နွေးထွေးတဲ့ လက်ခုပ်သံများ ပြည့်လျှံလာခဲ့သည်။

ချန်စန်းကလည်း ချီးကျူးစွာဖြင့် လက်ခုပ်တီးလိုက်မိသည်။ မိုရိချန်က ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုမရှိဘဲ 'ချစ်သူတွေကြားကလုပ်ရပ်'ကို အမှန်တကယ် ပြီးမြောက်ခဲ့ပြီး အလွန်ယဉ်ကျေးတဲ့အမူအရာဖြင့် တစ်ဖက်မိန်းကလေးရဲ့ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းပေးခဲ့သည်။ တကယ်ကို လေးစားစရာပဲ!

ဒါပေမယ့် အသေးလေးရဲ့ပြဿနာကို ဖြေရှင်းဖို့ ဒီလောက်မလွယ်မှာကို သူကြောက်နေမိသည်... အသေးလေးသာ တကယ်ဒုက္ခရောက်ခဲ့ရင်.... ​ချွေးအေးတွေက သူ့နှလုံးသားထဲမှ လှိမ့်တက်လာသည်​။

လက်ခုပ်သံများကြားတွင် မိုရိချန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီးနောက် ယွမ်းစွော်ကို တမင်တကာ မရည်ရွယ်ဘဲ စိုက်ကြည့်လိုက်ကာ ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။

ယွမ်းစွော်ရဲ့ထိတ်လန့်နေတဲ့ အာရုံတွေက ချက်ချင်းနိုးထလာပြီး စိတ်ထဲတွင် မိုရိချန် မသွားခင်က ပြောခဲ့တဲ့ စကားတွေကို ကြားယောင်လာခဲ့သည်။ 

"မင်း သရုပ်ဆောင် အတန်းမှာ သင်ခဲ့တဲ့ မူးလဲနည်းကို အခု အသုံးချရမယ့်အချိန်ပဲ"

ကွင်းအတွင်း သက်ဝင်လှုပ်ရှားနေတဲ့ လေထုကို အခွင့်ကောင်းယူပြီး နောက်CPစုံတွဲတွေ စိန်ခေါ်မှုကို စတင်သင့်ပြီလို့ အစီအစဥ်တင်ဆက်သူက ကြေညာလိုက်သည်။

"နောက်တစ်ခုကတော့ လူတိုင်းအမြင်ချင်ဆုံး ဖြစ်တဲ့အမျိုးသားချင်းCPပါ။ ကျွန်တော်တို့ရဲ့ စတုတ္ထမြောက်CPအတွဲ ကျေးဇူးပြုပြီး စင်မြင့်အလယ်ကို လာခဲ့ကြပါ"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Hikayelerin yaşadığı yer. Şimdi keşfedin