အခန်း ၄၉

Start from the beginning
                                    

ကြည့်နေရင်းပင် မိုရိချန်ရဲ့အလှည့် ရောက်လာခဲ့သည်။

မိုရိချန်က လက်နှစ်ဘက်ကို နံရံပေါ်တင်ကာ တစ်စုံတစ်ယောက်ကို ပိတ်ဆို့ထားတာ၊ တစ်စုံတစ်ယောက်ကို နမ်းလိုက်တာ ဒါမှမဟုတ် အခြားတစ်ယောက်ရဲ့လက်ကို ကိုင်လိုက်တာတို့ကို မမြင်ချင်တာကြောင့် ယွမ်းစွော်က ဝမ်းနည်းစွာ ခေါင်းငုံ့ချလိုက်သည်။ ကြည့်ဖို့မပြောနဲ့ တွေးကြည့်ရုံနဲ့တောင် စိတ်မကောင်းဖြစ်လာခဲ့သည်။

"အခု ကျေးဇူးပြုပြီး အစပြုဖို့ အမျိုးသားတွေကို ဖိတ်ခေါ်ပါရစေ" မိုရိချန်က မလှုပ်တာကို မြင်တော့ အစီအစဥ်တင်ဆက်သူက ပြောလိုက်သည်။ တစ်ဖက်ကမိန်းကလေးရဲ့မျက်နှာမှာ ရွှင်မြူးနေတဲ့အကြည့်တွေ ပေါ်လာပေမယ့် သူမက လူတိုင်းရှေ့မှာ ပိုပြီး ထိန်းထိန်းသိမ်းသိမ်းနေရမှာကြောင့် မိုရိချန်ကို ရှက်ရွံ့စွာဖြင့်သာ ကြည့်နေခဲ့သည်။

လူအုပ်ကြီးရဲ့ မျက်လုံးတွေက မိုရိချန်ကို စိုက်ကြည့်လာတဲ့အခါ ယွမ်းစွော်က မသိစိတ်က နှုတ်ခမ်းကို ကိုက်လိုက်မိသည်။

မိုရိချန်က ခဏလောက် စဉ်းစားပြီးနောက် ရုတ်တရက် ဘေးသို့ လှည့်ကာ ယွမ်းစွော်ရဲ့နားထဲသို့ တစ်ခုခုကို တိုးတိုးလေးပြောလိုက်ကာ သူ့အင်္ကျီကို ​ပြင်လိုက်ပြီးနောက် ရှေ့သို့ လှမ်းသွားခဲ့သည်။

မိုရိချန်ရဲ့စကားကြောင့် အံ့သြနေခဲ့တဲ့ ယွမ်းစွော်က မိုရိချန်က အလယ်ဗဟိုသို့ လျှောက်သွားကာ ရှက်နေတဲ့မိန်းကလေးကို ကျော်သွားပြီး လူတိုင်းရဲ့စူးစမ်းနေကြတဲ့ မျက်လုံးများအောက်တွင်  ခြေထောက်သုံးချောင်းထောက်ပန်းခုံဆီသို့ လျှောက်သွားခဲ့သည်။

"ဒါ...သူ ဘာလုပ်နေတာလဲ"

"ရုပ်ရှင်ဧကရာဇ်က သူ့ကိုယ်ပိုင်စတိုင် ထည့်ချင်နေတာလား"

"မင်း မိုရိချန်မှန်း မှတ်မိတယ်လား"

"အရူးပဲ သူ့ကို မမှတ်မိလိမ့်မယ်!"

စကားသံများကြားတွင် မိုရိချန်က ခုံပေါ်ရှိ ပန်းအပြင်အဆင်ထဲမှ နှင်းဆီပန်းတစ်ပွင့်ကို ယူလိုက်သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now