"ချစ်လို့လေ ချစ်လို့ဆိုးတာပေါ့"

ဂျောင်ကုဟာ
ထောင့်ကျကျနေရာလေးမှာ သွားခွေပြီး
မျက်နှာကိုလက်နဲ့ အုပ်ထားပါတယ်။

"ဘယ်လို ဖြစ်တာလဲ ငါ့ကောင်ရာ ၊အခုမင်းငိုနေတာလား "

စိုးရိမ်တကြီး ထယ့်အမေးကို
ကျောင်းသားလေးက ခေါင်းယမ်းတယ်။
အဲ့ဒီလို‌ခေါင်းယမ်း နေရင်း မျက်ရည်စတွေ ဖိတ်စင်ကျလာခဲ့တယ်။
ကျောင်းသားလေးအနားမှာ
ကျွန်တော်တို့ သုံးယောက်လုံး
ခြေမကိုင်မိ လက်မကိုင်မိ ဝိုင်းအုံနေကြပါတယ်။

"အရမ်းနာသွားလား ကလေး ဟမ် နာလို့လား"

ညီဟာ အခုလိုမျိူးလည်း ပြာယာခတ်တတ်တာပဲလား။ဘယ်လိုအခြေအနေမျိူးမှာမဆို
သွေးအေးအေးနဲ့မတုန်မလှုပ်နေတက်တဲ့သူကလေ။

"နာတယ် အရမ်းနာတာပဲ "

ငိုသံပါနဲ့ အဖြေကြောင့် ဆေးခန်းပဲပို့ပေးရမလိုလို ၊ဆရာဝန်ပဲ ဖုန်းဆက်ခေါ်ပေးရမလိုပါပဲ။

"ငိုချင်ရင် ငိုနော်၊တင်းခံမထားနဲ့၊ယောကျာ်းလေးမို့ မငိုရဘူးလို့ ဘယ်သူပြောလဲ"

ထယ့်‌ရဲ့နှစ်သိမ်မှုကလူကြီးတစ်ချို့ပြောလေ့ရှိတဲ့လက်သုံးစကား တစ်နည်းအားဖြင့် ရှေးရိုးစွဲ
အတွေးအခေါ်အမှားတွေကိုတောင်ပြေးပြီး
သတိရစေသလိုပါပဲ။
ဥပမာ ယောကျာ်းတန်မဲ့ မျက်ရည်မလွယ်နဲ့
ဘာညာ အစရှိသဖြင့်ပေါ့။
ယောကျာ်းလည်း အသွေးနဲ့၊အသားနဲ့၊
နှလုံးသားတစ်စုံနဲ့မို့ငိုကြွေးပိုင်ခွင့် ၊ခံစားနာကျင်ပိုင်ခွင့်ရှိတာပါပဲ။
ဒါဟာ သက်ရှိတိုင်းရသင့်ရထိုက်တဲ့
အခွင့်အရေးတစ်ခုပါပဲ။

"ခေါင်းတွေ ကိုက်နေပါ့မယ် အငယ်ရယ်၊ဘာဖြစ်လဲနောက်တစ်ခါ ကိုယ်က ဦးအောင်ထိုးလို့ရတာပဲ "

"ထယ် မင်း ဘယ်လိုတွေ သင်နေတာလဲ "

ကျောင်းသားလေးက မျက်ရည်စတွေကို
လက်ခုံနဲ့ ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်တယ်။

"အထိုးခံ ရလို့ ငိုတာ မဟုတ်ပါဘူး၊အုပ်ထိန်းသူခေါ်ခဲ့ဖို့အကြောင်းတွေးပြီး စိတ်ညစ်လာလို့၊
ကျွန်တော် ဘယ်သူ့ ခေါ်သွားရမလဲ မသိဘူး၊
မနက်ဖြန် လစဉ်မှတ်တမ်းလည်း ထပ်ရမှာလေ၊
လက်မှတ် တစ်ခါထိုးခါနီးရင် ဘယ်သူ့အဖေ
ခေါ်ပြီး ဘယ်သူ့သွားထိုးခိုင်းရမှန်းမသိဘူး၊
အတူတူနေတဲ့ ဦးလေးက လည်း အိမ်မကပ်ဘူး၊
အရေပြားထက် စိတ်ကပိုနာတယ်၊မနက်ကို
ကျောင်း ဘယ်လိုသွားရမလဲ "

Anchor in the heartWo Geschichten leben. Entdecke jetzt