— ဘန်း

ရှီးခဲယွဲ့သည် ရှီယွန်နန် ဆိုသော နာမည်ကို ကြားလိုက်ရတာနဲ့ သူ့မျက်နှာက ချက်ချင်း ပျက်သွားကာ

"ကျွန်တော့ရှေ့မှာ သူ့အကြောင်း မပြောနဲ့"

သူက ကော်ဖီခွက်ကို စားပွဲပေါ်ကို ချက်ခြင်းအကြမ်းပတမ်း တင်လိုက်တော့ ကော်ဖီပူပူလေးက သူ့လက်ပေါ် စင်သွားကာ အနည်းငယ်  နာကျင်သွားလေသည်။

ရှီးဝေတစ်ယောက် သူမစကားမဆုံးခင် ထိုအသံကြောင့် စကားပြတ်သွားတော့  နှစ်စက္ကန့်လောက် မှင်တက်သွားတော့သည်။

"သားလေး ဘာဖြစ်တာလဲ?"

"မား၊ မားပြောဖို့ မလိုဘူး၊ ကျွန်တော် စိတ်ထဲမှာ သိပြီးသား"

ရှီးခဲယွဲ့ ဘေးနားရှိ wet tissueကို ကောက်ကိုင်ကာ  လက်ကို သုတ်လိုက်သည်။ သူထပြီး အိမ်အပြင်ကို ဖြည်းဖြည်းချင်း ထွက်လာခဲ့လိုက်သည်။

ရှီးဝေ မကျေမနပ်မျက်မှောင်ကြုတ်ကာ ထွက်သွားသည့် သူ့နောက်ကျောကို ကြည့်လိုက်ရင်း

"ဒီကလေးက လူကြီးတွေပြောတာကို နားမထောင် တော့ပါလား။ ငါက မင်းအမေပါ ငါ့စကားတွေက မင်းကို ဒုက္ခဖြစ်မှာမို့လို့လား?"

...

ရှီးခဲယွဲ့ ကားထဲသို့ဝင်ကာ တံခါးကို ပြင်းပြင်းထန် ထန်ပိတ်လိုက်သော်လည်း သူ့စိတ်ထဲက ဒေါသကို တော့ မဖြေဖျောက်နိုင်ပေ။

လွန်ခဲ့တဲ့ လေးရက်က သူ့ကိုယ်ပိုင်နိုက်ကလပ်မှာ ရှီယွင်နန် ကြံစည်တာခံခဲ့ရတယ်။ ဆေးအာနိသင်က အမြန် အကျိုးသက်ရောက်လာတော့ အကူအညီတောင်းဖို့လည်း  အချိန်နှောင်းသွားခဲ့တယ်။

သူ သတိလစ်မသွားခင် လူတစ်ယောက်ရဲ့ ရင်ခွင် ထဲကို လဲကျသွားခဲ့တယ်။

အလိုဆန္ဒမီးလျှံက မူလပင်ကိုယ်ဗီဇကို မွေးထုတ် ပေးတော့ ရှီးခဲယွဲ့ ရဲ့ ဖရိုဖရဲဖြစ်နေတဲ့ဦးနှောက်ဟာ ဆင်ခြင်တုံတရားကို မထိန်းသိမ်းနိုင်တော့ပဲ ဒီရှုပ် ထွေးတဲ့အခြေအနေမှာ သူအခြားသူတစ်ယောက်နဲ့ အိမ်ခဲ့မိသွားတယ်။

နောက်နေ့နေ့လည် အိပ်ရာက နိုးလာချိန်မှာတော့ သူ့တစ်ကိုယ်လုံးက နာကျင်ရောင်ရမ်းနေပြီးအနီရောင် အမှတ်တွေနဲ့ ပွန်းပဲ့ဒါဏ်ရာတွေဟာတစ်ကိုယ်လုံးရှိနေကာ ကောင်းတဲ့ နေရာဆိုလို့ တစ်နေရာမှ မကျန် တော့ပေ။

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now