ယွမ်မုန် နှင့် ချင်ကျန်းမှာ ထိုညစ်ညမ်းသောနည်းလမ်းများကိုကြားလိုက်ရတော့ တပြိုင်နက်တည်း စက်ဆုပ်ရွံရှာသွားတော့သည်။

ဒီလိုမျိုးသာ တွေ့ကြုံသွားရင် ကစားခံရတဲ့  သူရဲ့ စိတ်နဲ့ ခန္ဓာကိုယ်ဟာ တော်တော် ပျက်စီးသွားမှာပဲ။

အမှောင်ထဲမှာ ဝှက်ထားတဲ့ လော့လင်းရှန်းရဲ့ လက်ချောင်းထိပ်တွေက အနည်းငယ် အပြင်းအထန်ပွတ်တိုက်နေပြီး  နက်နဲတဲ့မျက်လုံးက ရန်လိုမှုတချို့ကို ပြသနေ၏။ သို့သော် သူကထိန်းလိုက်ပြီး ပြန်တည်ငြိမ်သွားတော့သည်။

"ချင်ကျန်း၊ ရဲခေါ်လိုက်"

"ဟုတ်ကဲ့။"  ချန်ကျန်း အမြန် တုံ့ပြန်လိုက်သည်။

ဒီလူဆိုးတွေ ပိုဆိုးတဲ့ အရာတွေကို မလုပ်မိအောင် ထောင်ထဲမှာပဲ နေသင့်တယ်။

ဒီနယ်မြေက ရဲတွေရဲ့ အရှိန်က တော်တော်မြန်၏။  ဆယ့်ငါးမိနစ်အကြာတွင် ချင်ကျန်းသည် နောက်ဆက်တွဲပြဿနာကိုဖြေရှင်းရန် ရဲနဲ့ ကျန်ခဲ့ပြီး ကျန်သုံးယောက်ကတော့  အရင်အိမ်သို့ ပြန်လာလိုက်ကြသည်။

ယွမ်မုန်က အရှေ့ခုံမှာထိုင်ကာ ကားမောင်းနေ၏။ အလယ်မှာလည်း ခေါက်လို့ရတဲ့ အကာနဲ့ဆိုတော့ နောက်ထိုင်ခုံက အရမ်း တိတ်ဆိတ်နေပုံရသည်။

ရှီယွင်နန်  ထိုကဲ့သို့သော အငွေ့အသက်ကိုကျင့်သား မရသေးပေ။ သူ မတတ်နိုင်ဘဲ သူ့ဘေးနားရှိ လော့လင်းရှန်းကို တိတ်တိတ်လေး တစ်ချက်ကြည့်လိုက် သည်။

လမ်းရဲ့ နှစ်ဘက်စလုံးရှိ လမ်းမီးများမှာ စည်းချက် ညီညီဖြင့် လင်းလက်တောက်ပနေပြီး ထိုလူရဲ့မျက် နှာတစ်ဖက်ခြမ်းတွင် မီးရောင်ကျသည့် အရိပ်များ က တဖျတ်ဖျတ် လွင့်နေ၏။ ထိုအေးစက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ဘေးဘက်ပုံစံလေးက  လူများ
ပိုရင်းနှီးချင်လာချင်အောင်လုပ်နေသည်။

နောက်ဆုံးတော့ သူသောက်ခဲ့တဲ့  အရက်ပြင်းက  သူ့ကို မူးဝေလာစေလေပြီ။ ရှီယွင်နန် သူ့ရဲ့ ခြောက် ကပ်နေတဲ့ နှုတ်ခမ်းကို သပ်လိုက်ပြီး

"... လော့လင်းရှန်း ခင်ဗျား ဘာလို့ ရုတ်တရက် ပြန် လာတာလဲ? ပြီးတော့ ကျွန်တော့ကိုတောင် ဒီမှာလာ ရှာနိုင်လိုက်သေးတယ်တယ်?"

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now