ယွမ့်ထန်း ကူကယ်ရာမဲ့စွာဖြင့် ဖုန်းကို လက်ခံလိုက်ရသည်။ အခြားတစ်ဖက်၏ပြောစကားများကို နားထောင်နေရင်း သူ မျက်မှောင်ကြုံ့မိ၏။

“ကျွန်တော် စိတ်မကောင်းပါဘူး။ ကျွန်တော် အခုလက်တလောတော့ ဘာအင်တာဗျူးမှလက်ခံဖို့ ဆန္ဒမရှိဘူး”

မနေ့က သူ အဆင့်များ ဆက်တိုက်တက်သွားပြီးနောက်တွင် ကြယ်လေးပွင့်စာဖိုမှူးတစ်ယောက်ဖြစ်သွားခဲ့သည်။ ဒီအောင်မြင်တိုးတက်မှုက အခြားသူများနှင့်အလွန်ကွာခြားနေကာ လူတိုင်း၏မျှော်လင့်ချက်များကို ကျော်လွန်သွားခဲ့၏။

သူက အလွန်ထူးချွန်ကာ ထိပ်ဆုံးထဲ တန်းရောက်သွားသည်။ ထို့ကြောင့် အင်ပါယာ၏ရှေ့ဦးပိုင်းပြေးနေသော သတင်းခေါင်းစီးများနှင့် ချန်နယ်တိုင်းတွင် သူက ထိပ်ဆုံးရောက်နေ၏။ ထို့ကြောင့် သတင်းထောက်များက အခွင့်အရေးကောင်းကို ချောင်းနေကြကာ ယွမ့်ထန်းနှင့်ဆက်သွယ်နိုင်ရန် ကြိုးစားနေကြ၏။ ကံဆိုးစွာဖြင့်ပင် ယွမ့်ထန်းက မနေ့က အောင်မြင်စွာဖြင့်ပင် ရုန်းထွက်နိုင်ခဲ့သည်။

သတင်းထောက်အားလုံးက သူနှင့်အင်တာဗျူးနိုင်ရန်အတွက် ဆက်သွယ်ရန်နည်းလမ်းမရှိသည့်အခါ အင်တာဗျူးပလက်ဖောင်းကိုသာ အာရုံစိုက်ထားရ၏။ သို့ရာတွင် ထိုအချိန်က ညလယ်ခေါင်ဖြစ်သွားသည့်အတွက် သူတို့မဆက်သွယ်နိုင်ခဲ့ပေ။ ယခုအခါ ယွမ့်ထန်းက တိုက်ရိုက်ထုတ်လွှင့်မှု ပြီးကာစဖြစ်သည့်အတွက် ဒီအခွင့်အရေးကိုဆုပ်ကိုင်ပြီး ဆက်တိုက်ဆက်သွယ်နေကြခြင်းလည်းဖြစ်သည်။ သိပ်မကြာခင်မှာပင် ဒီဖုန်းကိုချပြီးသည့်နောက်တွင် နောက်ထပ်တစ်ကောလ်ကို လက်ခံရရှိပြန်သည်။

ကာစတန်မာဆားဗစ်ဌာနတစ်ခုလုံးက ဆက်တိုက် တိုက်ပွဲ၀င်နေခဲ့ရ၏။ သူ တစ်ခုကိုဖြေပြီးသည်နှင့် နောက်ထပ်ဖုန်းများကို လက်ခံရရှိနေသည်။ အားလုံးက ယွမ့်ထန်းနှင့်ဆက်သွယ်လိုကြောင်း အကြောင်းကြားပေးရန် တောင်းဆိုနေကြခြင်းဖြစ်၏။ ဒီဘက်ခြမ်းတွင် ယွမ့်ထန်းကိုယ်တိုင်ကလည်း မနည်းစိတ်ရှည်သီးခံအောင် ကြိုးစားနေရသည်။ နောက်ဆုံးတွင် သူ ပြောလိုက်ရ၏။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now