သစ်ပင်မဖက်ပဲမနေနိုင်ဘူး:ဂုဏ်ယူပါတယ်တင်ဆက်သူ ဒီသလင်းပန်းတွေက တင်ဆက်သူအတွက် ချစ်ခြင်းတွေကို ဖော်ပြပေးလိုက်ပါပြီ။

လရောင်အောက်မှာကခုန်မယ်:ဂုဏ်ယူပါတယ်တင်ဆက်သူ ဝါးးးး ဒုန်း တင်ဆက်သူကို သလင်းပန်းတွေ ပို့ပေးနေရင်း ချော်လဲသွားပြီ။

နွေဦးပျားရည်:ဂုဏ်ယူပါတယ်တင်ဆက်သူ။

Chat ခန်းမတစ်ခုလုံးက သူ၏ကြယ်လေးပွင့်သို့၀င်ရောက်သွားသည့်အတွက် ဂုဏ်ယူကြောင်းပြောထားသည့် ချီးကျူးကောမန့်များဖြင့်သာ ပြည့်နှက်သွားခဲ့သည်။ ယွမ့်ထန်းအနည်းငယ်ပင် ရှက်သွားမိ၏။ သူကပြုံးကာ ကျေးဇူးတင်လိုက်သည်။

“ကျေးဇူးတင်ပါတယ် အားလုံးပဲ ကျေးဇူးတင်ပါတယ်”

ထို့အပြင် တိုက်ရိုက်ထုတ်လွှင့်ခြင်းချန်နယ်ကို home page သို့အပို့ခံထားရသည့်အတွက် သူ၏ကြည့်ရှုသူအရေအတွက်က ရုတ်တရက်ပေါက်ကွဲသွားသည်။ အင်ပါယာ၏ ကြယ်လေးပွင့်စာဖိုမှူးအရေအတွက်က အလွန်ရှားပါးကာ အဖိုးတန်သည်။ ထိုသူများက ကြယ်လေးပွင့်သို့ရောက်သွားပြီးသည်နှင့် သူတို့ကိုယ်ပိုင်သုတေသနလုပ်ခြင်း ဟင်းလျာအသစ်များကိုရှာဖွေခြင်းနှင့် စားသောက်ဆိုင်များတွင်လုပ်ခြင်းတို့ကိုသာ ရွေးချယ်လေ့ရှိကြသည်။ အချို့သူများဆိုလျှင် အထက်တန်းလွှာများနှင့် ကျော်ကြားသူများ အောင်မြင်သူများကဲ့သို့သောသူများအတွက် သီးသန့်စားဖိုမှူးများလုပ်လေ့ရှိကြ၏။ တစ်ဦးထဲသော တိုက်ရိုက်ထုတ်လွှင့်သူက ယွမ့်ထန်းသာလျှင်ဖြစ်သည်။

သူ၏ကြယ်လေးပွင့်စာဖိုမှူးဆိုသော အဆင့်အတန်းကတင် အံ့သြဖွယ်ကောင်းနေခဲ့ချေပြီ။ ထို့အပြင် မနေ့ကသူ၏လုပ်ဆောင်ခဲ့မှုက လေးစားဖွယ်ကောင်းနေခဲ့လေရာ ယွမ့်ထန်း၏ တိုက်ရိုက်ထုတ်လွှင့်မှုတိုင်းကို စိတ်၀င်စားနေသူအများအပြားရှိလာခဲ့သည်။

ထိုလက်ဆောင်များငြိမ်သွားသည့်အချိန်အထိ စောင့်ပြီးသည့်နောက်တွင် ယွမ့်ထန်းက သူ၏ကြည့်ရှုသူအရေအတွက်ကိုကြည့်လိုက်ရာ သန်းနှစ်ရာအထိ ရောက်နေကြောင်းမြင်လိုက်ရသည်။ ဂဏန်းကိုးလုံးဖြစ်၏။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now