Part 7(Uni+Zawgyi)

Start from the beginning
                                    

ရှောင်းကျန့်လည်း ထိုနီရဲနေတဲ့ ပန်းသီးကို ကိုင်ကာ ကိုက်စားလိုက်သည်။စားခဲ့ဖူးတဲ့ ပန်းသီးပေါင်း များစွာထက် ချိုမြိန်နေတာမို့ စားပြီးရင်း စားနေမိသည်။

ရှောင်းကျန့် ပန်းသီးအား အားရပါးရ စားနေတာကို မြင်တော့မှ ရိပေါ်တစ်ယောက် ပြုံးနိုင်တော့သည်။ထို့နောက် ဘေးနားမှာပင် ရှောင်းကျန့်စားနေတာကို ပြုံးပြုံးကြီး ထိုင်ကြည့်နေတဲ့ ရိပေါ်....

(ကမ္ဘာဦးလူသားတွေရဲ့ တစ်ယောက်နဲ့တစ်ယောက် ပန်းသီးပေးခြင်းဟာ ကိုယ့်ရဲ့ အိမ်ထောင်ဖက်၊ဘဝလက်တွဲဖော် ကိုရွေးချယ် လိုက်ခြင်းပါတဲ့)

"ရိပေါ်...ပန်းသီးက အရမ်းစားကောင်းတာပဲ...ငါတော့ ကမ္ဘာဦးက ပန်းသီးကိုစားဖူးခဲ့ပြီ.."

"ဂူးးးဝါးးးဂါးးး"

ရိပေါ်​ ပြောနေတဲ့ဟာတွေကို နားမလည်ပေမယ့် ရှောင်းကျန့်တစ်ယောက် ထင်သလိုသာ ဘာသာပြန်လိုက်သည်။

"မင်းး စားချင်လို့လား ရိပေါ်...အင့်"

ရှောင့်ကျန့်လည်း ရိပေါ်အား သူစားလက်စ ပန်းသီးအား ရိပေါ်ပါးစပ်နားသို့ကပ်ပေးလိုက်သည်။ ရိပေါ်ကလည်း သူ့ခွံ့ကျွေးတဲ့ပန်းသီးကိုပင် ပြုံးရင်းစားနေသည်။

ရှောင်းကျန့်မသိတာက ကမ္ဘာဦးမှာ ပန်းသီးအပြန်အလှန်ကျွေးတာဟာ ဒီဖက်ခေတ်မှာ လက်ထပ်တာနဲ့ပုံစံတူပါတယ်တဲ့...

ဘာပဲဖြစ်ဖြစ် ကမ္ဘာဦးလူသားလေး
ရိပေါ်ကတော့ ရှောင်းကျန့်အား သူ့ရဲ့ အိမ်ထောင်ဖက်လို့ မှတ်ယူသွားတော့သည်။

"ရိပေါ်...ငါတို့ ဂူအပြင်ကိုထွက်ရအောင်"

ရှောင်းကျန့်တစ်ယောက် ဂူအပြင်ဘက်သို့ထွက်ချင်ကြောင်း လက်ညှိုးထိုးပြလိုက်သည်။

ရိပေါ်က နားလည်သည်ထင်တယ်...သူ့လက်အားဆွဲကာ ဂူအပြင်ဘက်သို့ ခေါ်သွားလေသည်။

သူနေထိုင်တဲ့ မြို့ပြတွေလို မွန်းကြပ်မနေပဲ သဘာဝလေတွေက လတ်ဆတ်စွာ...

"ဝါးးးးကမ္ဘာဦးက အရမ်းလှတာပဲ...ဟိုမှာ ပန်းတွေအများကြီးပဲ ရိပေါ်"

ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Completed]Where stories live. Discover now