Part 8(Uni+Zawgyi)

3K 384 16
                                    

⭐Unicode⭐

ကမ္ဘာဦးလူသားတွေက ဉာဏ်ကောင်းကြလား????

အခြားကမ္ဘာဦးလူသားတွေဉာဏ်ကောင်းမကောင်းတော့ ရှောင်းကျန့်မသိဘူး။ဒါပေမယ့်ရိပေါ်ကတော့ တကယ်ကိုဉာဏ်ကောင်းလွန်းတဲ့ ကမ္ဘာဦးလူသားလေး....

ရှောင်းကျန့် ဒီကမ္ဘာကိုရောက်တာ ၄ရက်တောင်မပြည့်သေးပေမယ့် ရိပေါ်က သူ့စကားတွေကို အသင့်အတင့်နားလည်နေပြီ။ရိပေါ်ရဲ့ ဉာဏ်ရည်က အံ့သြစရာကောင်းလွန်းတယ်။

"ရိပေါ်...ရေဘယ်နားမှာရှိလဲ...ငါရေချိုးချင်လို့ ပြီးတော့ ရေလည်းသောက်ချင်တယ်"

ရှောင်းကျန့်ရဲ့ ပါလာတဲ့ရေဘူးက ဒီနေ့မနက်ပဲ ကုန်သွားတာမို့ ရေဆာလာတဲ့ ရှောင်းကျန့်က အဆင်မပြေ...

ရှောင်းကျန့်ရဲ့စကားကြောင့် ရိပေါ်က သူ့လက်ကိုဆွဲကာ တစ်နေရာသို့သွားရန်ပြင်နေသည်။

"နေ..နေဦးရိပေါ်...ငါ့ကျောပိုးအိတ်လေးယူလိုက်ဦးမယ်"

ရှောင်းကျန့်လည်း သူ့ကျောပိုးအိတ်အနက်ရောင်လေးကို လွယ်လိုက်သည်။ထို့နောက်ရိပေါ်က သူ့လက်ကလေးကို ဆုပ်ကိုင်ကာတစ်နေရာသို့ ခေါ်ဆောင်သွားတော့သည်။

ကျေးငှက်လေးတွေ အော်မြည်နေပြီးတောတောင်တွင်းထဲမှာ မြင့်မားစွာ ရှိနေတဲ့ရေတံခွန်မှ စီးဆင်းလာတဲ့ အေးမြလွန်းတဲ့ရေတွေ...ထိုရေတွေရဲ့အဆုံးသတ်က ဘယ်နေရာမှာလည်း ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်....

"ဝါးးးးရိပေါ်...ရေတံခွန်းက အရမ်းး အရမ်းကိုလှတာပဲ...ငါတစ်ခါမှ ဒီလောက်လှတဲ့ရေတံခွန်မျိုး မမြင်ဖူးဘူး...ဝါးးးး"

ထိုရေတံခွန် နားတွင် ပန်းပင်လေးများက လှပစွာပွင့်လန်းနေသည်။လိပ်ပြာလေးများကလည်း ထိုပန်းပင်လေးများအပေါ်တွင် ပျံဝဲ နေသည်မှာ ပန်းချီကားချပ်တစ်ခုပမာ...ဘေးနားမှာလည်း ရေလာသောက်နေသည့် ထူးဆန်းတဲ့ တိရစ္ဆာန်လေးများ...ရေလေးတွေကလည်း ကြည်လင်နေလေသည်။

ရှောင်းကျန့်လည်း ကျောပိုးအိတ်လေးကို ချွတ်ကာ အားသာဝမ်းရ ရေထဲသို့ ဆင်းမည်အလုပ်...ရေထဲမှာ မြင်လိုက်ရတဲ့ သူ့တစ်ရပ်လောက်ရှိတဲ့ငါးကြီးး

ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Completed]Where stories live. Discover now