Part 7(Uni+Zawgyi)

3.1K 453 54
                                    

⭐Unicode⭐

ရှောင်းကျန့်တစ်ယောက်မနက်မိုးလင်းလို့နိုးလာတော့ နေတောင်နဲနဲမြင့်နေပြီ....

ရိပေါ်ကတော့ ဘေးနားမှာမရှိတော့။အပြင်ထွက်သွား သည်နေမှာ...ခုတော့ ဂူထဲမှာသူတစ်ယောက်ထဲသာ....

အချိန်သိချင်တာကြောင့်ကျောပိုးအိတ်ထဲက ဖုန်းကိုထုတ်ပြီး ကြည့်လိုက်တော့ ၈နာရီ...ဖုန်းမှာတိုင်တွေအမှားပြနေမှာကတော့ ပြောစရာပင်မလို။

ထို့နောက် ကျောပိုးအိတ်ထဲမှရေသန့်ဘူးနှင့် သွားတိုက်ဆေး၊သွားတိုက်တံ များကိုထုတ်ကာ မျက်နှာသစ်၊သွားတိုက်လိုက်သည်။

"တော်သေးတာပေါ့...လွယ်အိတ်ထဲ ဒါတွေပါ လိုလိုပိုပို ထည့်လာမိလို့"

ထို့နောက် ရှောင်းကျန့်တစ်ယောက် သတိထားမိသွားတာကတော့ သူနဲ့အတူ ပါလာတဲ့ နီညိုရောင် စာအုပ်လေးမရှိတော့သည်ကိုပင်။ကျောပိုးအိတ်တစ်ခုလုံး အနှံ့လိုက်ရှာပေမယ့် မတွေ့...ဖြစ်နိုင်တာက...

"ဒိုင်နိုဆောကြီးနဲ့ တွေ့တုန်းက ငါပြေးရင်းလွှားရင်းနဲ့ ကျကျန်ခဲ့တာဖြစ်မယ်...ထားလိုက်ပါတော့လေ အရေးမှမကြီးပဲ"

ရှောင်းကျန့်လည်း ဂူအပြင်သို့သာထွက်ဖို့လုပ်တော့သည်။အကောင်ပလောင်တွေ ကြောက်ပြီး ဂူထဲမှာပဲ အမြဲတော့မနေနိုင်ပါ။ကမ္ဘာဦးကို ရောက်တုန်း လေ့လာကြည့်ချင်သေးသည်...

ထိုစဥ်မှာပင် ရိပေါ်တစ်ယောက် အပြင်မှ ဂူထဲသို့ ပြန်ဝင်လာသည်ကိုတွေ့ရသည်။ရိပေါ်ရဲ့ လက်ထဲမှာလည်းအသီးတစ်ချို့ကို ကိုင်ထားလေသည်။ထို့နောက်သူ့အား ထိုအသီး များကိုပေးလာသည်။

ဒါဆို မနက်ထဲက အပြင်ထွက်သွားတာသူ့အတွက် အသီးတွေ သွားခူးပေးနေတာပေါ့လေ....

ရှောင်းကျန့်ရဲ့နှုတ်ခမ်းတွေကအထက်သို့ အနည်းငယ်ကွေးညွှတ်သွားသည်။ထို့နောက် ရိပေါ်ရဲ့ လက်ထဲမှ အသီးများကိုယူလိုက်သည်။

အသီးများမှာ သူတစ်ခါမှ မမြင်ဖူးတဲ့အသီးများ...တစ်ချို့အသီးလေးတွေဆို စပျစ်သီးပုံစံနဲ့ဆင်တူပေမယ့်ခရမ်းရောင်မဟုတ်ဘဲ တစ်ခိုင်ထဲမှ အရောင်စုံလေးတွေ သီးနေလေသည်။အသီးတွေအားလုံးထဲမှာမှ သူသိတာကတော့ ပန်းသီးပင်...ထိုပန်းသီးမှာကြီးလွန်းတာကြောင့် လက်တစ်ဖက်ထဲဆိုရင်မနဲကိုင်ရသည်။ဒီပန်းသီးတစ်လုံးထဲနဲ့တင် မနက်စာတော့ လုံလောက်ပါပြီ....

ကမ္ဘာဦးမှကျွန်တော့်ချစ်သူ[Completed]On viuen les histories. Descobreix ara