အပိုင်း✨🍁(၅၂)-(Final)

Magsimula sa umpisa
                                    

“မငိုပါနဲ့....”

“ဟင်....”
ကမ္ဘာ သူ့မျက်နှာအား ဖွဖွလေးလာကိုင်ပါသော ချစ်ရ‌သူ၏လက်လေးကြောင့် မျက်ရည်များဖြင့် မော့ကြည့်လိုက်မိသည်။

ဧကလေး လ၏အလင်းရောင်ဖျဖျအောက်တွင် မျက်ရည်များဖြင့်စူးလက်နေပါသော ပယင်းရောင်မျက်ဝန်းလေးများကို ဆွေးဆွေးလေးငေးကြည့်ရင်း ဖွဖွလေးပွတ်သပ်ပေးနေမိသည်။မောင် ‌ဘယ်အချိန်ကရောက်လာလည်းသူမသိလိုက်ပေမယ့် မောင့်စကားတီးတိုးသံများကို အိမ်မက်လိုလိုကြားနေရသောကြောင့် ဝေခွဲမရဖြစ်နေသည့်အချိန် လက်ဖမိုးပေါ်ကျလာသော မောင့်မျက်ရည်များကြောင့် နိုးလာခြင်းဖြစ်သည်။
*ကိုယ့်ကိုကိုယ် အပြစ်တင်နေပြန်ပြီလား မောင်ရယ်....*

ကမ္ဘာ အေးချမ်းရာတစ်ခုကိုရှာတွေ့သွားသလို မျက်လုံးများကိုမှိတ်ချလိုက်ကာ ထိုလက်ဖဝါးလေးပေါ်မှာ အသာမှီတင်ရင်း ငြိမ်သက်နေမိသည်။တကယ်လည်း မာန်က သူ့အတွက်အေးချမ်းရာ၊နေပျော်ဖွယ်ရာ ဖြစ်တည်မှုလေးဖြစ်သည်။

“မငိုပါနဲ့ ...နော်....မောင် ငိုတော့ ကျွန်တော်ရင်နာတာပေါ့ဗျ...အဲ့ဒါကြောင့် မငိုနဲ့တော့နော်....”
ဧကလေး လက်မလေးဖြင့် မောင့်မျက်နှာအား ဖွဖွလေးပွတ်ကာ ပြုံးပြရင်းပြောလိုက်သည်။

“အွန်း မောင်မငိုတော့ဘူး....”
မျက်ဝန်းပြာပြာလေးများဆီမှ ချစ်ခြင်းတွေအပြည့်နှင့်နှစ်သိမ့်ပေးနေပါသော မာန့်ကြောင့် ကမ္ဘာ မျက်ရည်များနှင့်ပြုံးလိုက်ရင်း မာန့်ရင်ခွင်ထဲသို့ ကလေးလေးတစ်ယောက်လို တိုးဝင်ဖက်တွယ်မိလိုက်သည်။
ဒီကိုယ်လုံးသေးသေး ရင်ခွင်နွေးနွေးလေးကို လက်လွှတ်ဖို့ဆိုသည်မှာ သူစိတ်ကူးထဲတောင် မတွေးရဲသည့်အရာဖြစ်သည်။

“အဟင်း...”
ဧကလေး ရင်ခွင်ထဲတိုးဝင်ကာ ပျောက်သွားမည်စိုးသည့်အလား တင်းတင်းကျပ်ကျပ်ဖက်ထားပါသော မောင့်အပြုအမူလေးကို သဘောတကျရယ်လိုက်ရင်း ပုခုံးလေးကိုဖွဖွပုတ်ပေးနေလိုက်သည်။

အချိန် ခဏမျှကြာပြီးနောက် ကမ္ဘာ မာန့်ရင်ခွင်ထဲမှ ထွက်လိုက်ကာ သူ့အားကလေးတစ်ယောက်သဖွယ် ချစ်ခြင်းအပြည့်ဖြင့်ပြုံးကြည့်နေပါသော မာန့်အားကြည့်လိုက်ရင်း...

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Tahanan ng mga kuwento. Tumuklas ngayon