အပိုင်း✨🍁(၄၉)

12.3K 1K 141
                                    

ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၄၉)

"သားကြီး ဒယ်ဒီတို့ မင်းအဘွားနဲ့သွားတွေ့မလို့ ဘန်ကောက်လိုက်ခဲ့ဦးမလား ...ဒါမှမဟုတ် တခြားလုပ်စရာတစ်ခုခု သွားစရာတစ်ခုခုများရှိလား..."
ကုဋေ ရုံးခန်းထဲမှာကော်ဖီသောက်ရင်း မလာစဖူး အလာထူးသည့် သားကြီးဧကကိုကြည့်မေးလိုက်သည်။

"အထွေအထူးတော့ လုပ်စရာမရှိပါဘူးဒယ်ဒီ..သွားစရာလည်းမရှိတော့ ဘွားဘွားနဲ့တွေ့ဖို့ သားလိုက်ခဲ့ပါ့မယ်..."

"ကောင်းတယ်...ဖုန်းဆက်တိုင်း မင်းအဘွားက သားကြီးရောသားငယ်ရောပါမှာလားပဲမေးနေတာ...သားငယ်က အရေးကြီးအစည်းအဝေးရှိလို့ လိုက်ဖြစ်မှာမဟုတ်ဘူး..အဲ့ဒါကြောင့် သားကြီးလိုက်ခဲ့တော့ အဆင်ပြေသွားတာပေါ့ ...မဟုတ်ရင် သူ့မြေးတွေကို အလုပ်တွေဖိခိုင်းနေပါတယ်ဆိုပြီး ဒယ်ဒီတို့ မကြီးမငယ်နဲ့ အဆူခံနေရဦးမယ် ...အဟက်!!"

"ဟီး.. သားလိုက်ခဲ့ပါ့မယ်ဗျ...ဒါနဲ့လေ ဒယ်ဒီကိုတစ်ခုပြောပြရဦးမယ်သိလား.. ဖောင်းဖောင်းလေးခု‌တလော ခြေလှမ်းတွေပျက်နေတာသတိထားမိလား...သားရိပ်မိနေတာကြာပြီ...အရင်ကထက် ပိုချောပိုစမတ်ကျအောင် ပြင်ဆင်လာသလိုပဲ...သူရည်းစားရနေတာများလား..."

"ဟက်!!ပေါက်ကရတွေ..."
သားကြီး၏တီးတိုးစကားအကြား ကုဋေသဘောတကျရယ်လိုက်သည်။အဲ့ဒီရေခဲတုံးရည်းစားရဖို့ဆိုတာ အနည်းငယ်တော့ယုတ္တိမရှိပေ။

"တကယ်ပြောတာပါဆို...ဟိုနေ့ကလည်း..."

ထိုအခိုက်....

"ကိုယ့်အကြောင်းပြောနေတာလား ကိုကို..."

အားရပါးရပြောဖို့အလုပ် ရုတ်တရက်အနောက်မှထွက်ပေါ်လာသော ညီဖြစ်သူ၏အသံကြောင့် ဧကလေး ဆတ်ခနဲတောင် တုန်သွားရသည်။AKAကုမ္ပဏီမှာ ရှိနေရမည့်သူက ရုတ်တရက်ပေါ်လာတော့ ဧကလေးလန့်သွားခြင်းဖြစ်သည်။

"အာ ဘယ်ကသာ ပေါက်ပေါက်ရှာရှာတွေ အားအားယားယား မင်းအကြောင်းပြောစရာလား...နော့် ဒယ်ဒီ..."
ဧကလေး ခပ်တည်တည်နှင့်ဗြောင်ငြင်းပစ်လိုက်သည်။

"မသိပါဘူး ကောင်လေးတစ်ယောက် သူ့ညီရအရင်ကထက်ပိုပြင်ဆင်လာလို့ ရည်းစားရနေပြီထင်တယ်လို့ပြောတာ...အင်း...ထင်တာပါပဲ...ဒယ်ဒီလည်းမသိဘူးလေ..."

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now