ပယင်းကြိုးသီချစ်သောမောင့်ဆီ
အပိုင်း✨🍁(၁၅)ဖျားပြီးသတိလစ်ပြီးသည့်နေ့ကတည်းက ဧကလေး အဆောင်တော်ထဲကမထွက်ရသည်မှာ၅ရက်မျှရှိပြီဖြစ်သည်။
အခန်းထဲလမ်းပတ်လျှောက်လိုက် ဟိုဟာကြည့်ဒီဟာကြည့်လိုက်လုပ်ရင်း အချိန်တွေကို ကုန်ဆုံးနေရသဖြင့် ဧကလေး အရမ်းကို ပျင်းနေပြီဖြစ်သည်။
အပြင်လေးထွက်မိပါက ၅မိနစ်တောင်မကြာသေး အစ်မတော်က လေစိမ်းတွေတိုက်တယ်ဆိုပြီး ပြန်ဝင်ခိုင်းလို့ခိုင်း အဖျားပြန်တတ်မယ်ဆိုပြီး စောင်ထဲ သိမ်းမထုတ်ထားရုံတမယ် ပွေ့မချီထားရုံတမယ် ယုယသေးသည်။သက္ကမှာလည်း ကိုယ့်စကားကိုလုံးဝအရေးမလုပ် အစ်မတော်စကားတစ်ခွန်းပဲ အလေးထားကာ အပြင်ထွက်ချင်တယ်ပြောတိုင်း မသိချင်ယောင်ဆောင်ပြီး စကားလွှဲတတ်သည်။
သူတို့ကြောင့် အဖျားလေးဟာလည်း ဘယ်ဆီဘယ်ဝယ် လွင့်စင်သွားမှန်းတောင်မသိလိုက်။အဆောင်ထဲပဲနေရတာ ကြာတော့ ဧကလေးပျင်းလို့ သေတော့မည်။အစ်မတော်တို့ပြောသည့်စကားတစ်စွန်းတစ်စအား ဧကလေးကြားမိသေးသည်။
သူသတိလစ်နေသည့်အချိန်တုန်းက အရှင်ကိုယ်တိုင်ရောက်လာပြီး စောင့်ကြည့်သွားသည်ဟုလည်းပြောသေးသည် ခုသတိရလာသည့်အချိန်တွင်တော့ အရိပ်အယောင်လေးတောင်မမြင်ရပေ။
ကြည့်ရသည်မှာ မတတ်သာ၍ လာကြည့်သည်ပဲဖြစ်ရမည်။
တကူးတကလာကြည့်ရအောင်လည်း သူနဲ့ကိုယ်ရဲ့ ပတ်သတ်မှုက ယောက်ဖတော်ရုံပင်။
ဘယ်လိုသွေးသားမှလည်းမတော်သလို မည်ကဲ့သို့သော ပတ်သတ်မှုမျိုးမှလည်းမရှိ။
“အင်း...ဧက ဧက ဘာတွေမျှော်လင့်နေတာလဲ အရေးမပါတာတွေ...ကျစ်...”စိတ်မကြည်စွာပဲ စုတ်တစ်ချက်သတ်လိုက်ပြီး ဆုံးဖြတ်လိုက်သည်က
ဒီနေ့ရအောင် အပြင်ထွက်မည်ပဲဖြစ်သည်။************
ခတ္တရာ မောင်ငယ်လေးအဆောင်တော်နှင့် မနီးမဝေးတွင် ချည်ပန်းထိုးနေရင်း အဆောင်ဘက် ခဏခဏ ကြည့်နေမိသည်။
ဒီကောင်လေးက ခဏခဏ အပြင်ထွက်ဖို့ပဲ ပြင်နေသည်ဖြစ်၍ သူမမှာ စိတ်မချနိုင်ဖြစ်နေရသည်။
ထပ်ဖျားမှာလည်းကြောက်မိသလို သူမတို့မသိခင် တစ်ခုခုဖြစ်သွားမှာလည်းကြောက်မိသည်။
ထိုနေ့တုန်းက သူမတစ်ယောက်ထဲ ပူပန်ရသည်မဟုတ်ပဲ သူမထက်အဆပေါင်းများစွာ မတည်ငြိမ်ပဲ ပူပန်နေပုံရသော အရှင့်ကြောင့် ခတ္တရာအံ့ဩရသေးသည်။
![](https://img.wattpad.com/cover/298558284-288-k378856.jpg)
YOU ARE READING
ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)
Historical Fictionမောင်က မင်းကမ္ဘာတစ်ခုထဲကိုပဲ ဦးခိုက်နေမယ့်ကောင်ပါ စဝ်မင်းကမ္ဘာဦးခိုက် time travel (My Universe is Oo Nyo 💫✨ Season 2)