Pt .11

2.1K 209 12
                                    

"ယွန်းဂီ "

ဒီကောင် ငိုသံကြီးဖြင့်ဖုန်းဆက်ခေါ်တာကြောင့် ကင်နမ်ဂျွန်းတစ်ယောက် သောက်နေကျ barသို့ ရောက်လေရာ အရပ်မှ လေဟုန်စီးကာ ကြွချီလာရချင်းသာ

Barထဲ ဝင်ဝင်ချင်း သူငယ်ချင်းကောင်သည် အတော်ရေချိန်ကိုက်နေကာ ငိုထားသည်ထင် မျက်အိမ်များနီရဲနေခဲ့သည်

နမ်ဂျွန်းစိတ်ထဲတွင် ဆုတောင်းလိုက်ပါသေးတယ် ဂျီမင်းတို့ကိစ္စကြောင့်မဟုတ်ပါစေနဲ့လိုပေါ့
ဒါပေမယ့် ဆုတောင်းတွေသည်လွဲခဲ့သည်
ယွန်းဂီသည် သူ့စီလျှောက်လာသော ကျွန်တော့အား ဒေါသတစ်ကြီးအော်ဟစ်ကာ အင်္ကျီကော်လံစများကို ဆွဲလာခဲ့သည်

"မင်း ..မင်း သိနေခဲ့တယ်မဟုတ်လား နမ်ဂျွန်း
ပြောစမ်း မင်းသိနေခဲ့တယ်မဟုတ်လားလို့ "

အာလေးလျှာလေးဖြင့် ငိုယိုကာပြောလာသော သူငယ်ချင်းအား သူဘယ်လိုလုပ်ပေးရပါ့မလဲ

ကျွန်တော် သိနေခဲ့ပါတယ် ဂျီမင်းနဲ့ကျောင်းသားဂျောင်ကုတို့ရဲ့အကြောင်း
တကယ်ဆို ရိပ်မိခဲ့တာ ကျောင်းဆေးခန်းမှာ ဂျီမင်း မူးလဲတော့ ဂျောင်ကု ပြာပြာသလဲ ရောက်လာကတည်းကပါ

ဒီအကြောင်းတွေသိရင် ဒေါက်တာဂျင်တစ်ယောက်တော့ ဝမ်းသာနေဦးမှာဘဲ
အဲ့နေ့က သူတစ်ယောက်ထဲရိပ်မိနေတယ်လို့ သူကထင်နေခဲ့တာကိုး....

ကျောင်းတော်ထဲမှာ ချိန်းတွေ့နေကျတာလည်း ကျွန်တော်သိခဲ့ပါတယ်
‌Mapleပင်တွေအောက်က ခုံတမ်းပေါ်မှာ အနမ်းခြွေကျတာလည်း ကျွန်တော်သိခဲ့ပါတယ်
ကျောင်းဝန်းလယ်မှာ ဖိနပ်ကြိုးချည်ပေးခြင်းတွေလည်း ကျွန်တော်ကြားခဲ့ပါတယ်

ဒါပေမယ့် ယောက်ျားလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်နဲ့ မေတ္တာရှိနေတာ ရှက်စရာမဟုတ်သလို လှောင်စရာလဲမဟုတ်ခဲ့
ဂျီမင်းသည် အရွယ်ရောက်ပြီးသား ‌ယောက်ျားငယ်တစ်ယောက်
ယွန်းဂီသူ့ကို ကလေးလိုမြင်နေပေမယ့် ပတ်ဝန်းကျင်မှာသူဟာ သက်လတ်ပိုင်းယောက်ျားတစ်ယောက်ဖြစ်လာခဲ့ပြီလေ
ဘာမှ လိုက်ထိန်းချုပ်ပေးလို့မရ
ပဲ့ကိုင်ပေးလို့မရ
သူ့ဘဝသူ လျှောက်လှမ်းနေနိုင်ပြီ
အမှားအမှန်တွေ သူ ရွေးချယ်တတ်တယ်
သူစဉ်းစားတတ်တယ်
မိသားစုမှာ အငယ်ဆုံးဆိုပြီး မိသားစုက ကလေးလိုမြင်ပြီး တင်းကြပ်ပေမယ့် သူဟာ အပေါင်းအသင်းတွေ ၊ အလုပ်အကိုင်တွေ၊ လူမှုဆက်ဆံရေးတွေမှာ ကိုယ်တိုင်ပါဝင်ပြောဆိုနေသင့်တဲ့အရွယ်တစ်ခုပါ

MapleWhere stories live. Discover now