Pt.5

2.4K 241 2
                                    

အိမ်သို့ပြန်ရောက်တဲ့အထိ နိုးမလာသေးသော ညီငယ်လေးအား ယွန်းဂီနှိုးမနေတော့ဘဲ ချီခေါ်ခဲ့လိုက်သည်

"ဟဲ့ သားကြီး ကလေးက ဘာဖြစ်လာတာလဲ"

အနောက်ဖေးမှအမောတကော ပြေးထွက်လာသော ကြီးမေအား သူ စိတ်မပူရန်ပြုံးပြလိုက်ကာ ရိုးရိုးနေမကောင်းဖြစ်ပြီး အားနည်းနေတာဟုဘဲ ဆိုခဲ့အပေါ်တတ်လာခဲ့သည်

ဂျီမင်းအား အိပ်ယာထက် သေသေချာချာသိပ်ခဲ့ကာ ယွန်းဂီ အိမ်အောက်ရှိ မီးဖိုခန်းထဲတွင် တစ်ဖန်အလုပ်ရှုပ်နေပြန်သည်

"သား ကြီးမေလုပ်လိုက်မယ် သွား
သားက အလုပ်က ပင်ပန်းလာဦးမှာ ရေချိုးပြီးမှ ညီလေးကို တိုက်လိုက်နော် "

"ရပါတယ် သားလုပ်နေကျဘဲကို
ညီလေးနေမကောင်းရင် သားဘယ်သူ့ကိုစိတ်ချဘူးလို့လဲ "

ညီကိုချစ်လိုက်တာလည်း တုန်နေရော
သူသိတာပေါ့ ဒီကောင်လေးရင်ထဲ ဘာတွေဖြစ်နေမလဲဆိုတာ
ဒါပေမယ့် သားရယ် မင်းညီလေးက အရွယ်ရောက်ပြီးသားလူလေးပါကွယ် ..

"အေးပါသားရယ်
အဲ့တာဆို တစ်ခုခုလိုအပ်ရင် ကြီးမေကိုခေါ်လိုက်နော် "

"ဟုတ် "

ညီငယ်ကြိုက်တတ်သော မှိုဆန်ပြုတ်လေးအား အရသာရှိရှိချက်ပြုတ်ကာ အိပ်ခန်းထဲတွင် အိပ်ပျော်နေသော ကလေးလေးထံသို့ ယူဆောင်လာလိုက်သည်

ယွန်းဂီအခန်းထဲသို့ရောက်သည်နှင့်အိပ်ယာပေါ်တွင် ညီးညူနေသော ကလေးငယ်ကြောင့် ဆန်ပြုတ်ပန်းကန်အား စားပွဲခုံပေါ်တင်ကာ ထိုကလေးငယ်ဘေး ကပ်ထိုင်ကာ ချော့မြူရတော့သည်

ဒါ ဂျီမင်းနေမကောင်းရင် ဖြစ်နေကျ အလေ့အကျင့်လေးတွေ
အမြဲအိပ်မက်ဆိုးမက်ကာ ယောင်တတ်သည်
တစ်ခါတစ်လေ အသက်ရှူကျပ်လောက်သည်အထိ ဖက်ကာ ငိုတတ်တာမို့ သူစိတ်ပူတာမဆန်း‌တော့ချေ။

အိပ်မက်ထဲမှာ မေမေနဲ့ဖေဖေကိုတွေ့တယ်
ရီနေကျတယ် ပျော်စရာသိပ်ကောင်းမှာဘဲ ..
ရုတ်တရက် မတ်တပ်ရပ်နေသော သူ့ထံ ဝင်ရောက်လာသော အလင်းစူးစူးကြောင့် ဂျီမင်းမျက်လုံးတွေမှိတ်ချလိုက်ရသည်

MapleWhere stories live. Discover now