အခန်း ၃၈

Start from the beginning
                                    

ယွမ်းစွော်က သူ့ရဲ့ညအိပ်ဝတ်စုံလေးဖြင့် ကုတင်ပေါ်တွင် အိပ်ပျော်နေခဲ့ပြီး စောင်ကို မိုရိချန်ဆီ ပို့လွှတ်ခဲ့တာကြောင့် သူ့ကိုယ်သူ နွေးထွေးစေရန် ဘောလုံးတစ်လုံးလိုသာ ကွေးနေခဲ့ရသည်။ တစ်ညလုံး အလုပ်များပြီးနောက် သူ့မျက်လုံးအောက်တွင် အပြာရောင်အိတ်များနှင့် ပင်ပန်းနွမ်းနယ်မှုတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

မိုရိချန်က လှုပ်ကာ တောင်ကုန်းလေးထဲမှ ထွက်လိုက်ပြီး စောင်ကို ပြန်ပို့လိုက်ကာ ယွမ်းစွော်ကို ညင်သာစွာ ခြုံပေးလိုက်သည်။

"အင်း..." 

ယွမ်းစွော်က အိပ်ချင်နေတဲ့ မျက်လုံးတွေကို ဖွင့်လိုက်ရင်း လှုပ်လာခဲ့သည်။ သူက မိုရိချန်ကို မြင်လိုက်တဲ့အခါ အနည်းငယ် အံ့သြသွားခဲ့သည်။ 

"မိုရိချန် မင်းနိုးလာပြီပဲ! သက်သာရဲ့လား"

"အမ်း...အများကြီး သက်သာသွားပြီ။ ငါနေကောင်းနေပါပြီ" 

မိုရိချန်က အနည်းငယ်နာကျင်နေတဲ့ သူ့ရင်ဘတ်ကို မသိစိတ်ဖြင့် ဖိလိုက်ပြီး ယွမ်းစွော်ကို အိပ်ရာထဲမှ ထမလာအောင် တားဆီးလိုက်သည်။ 

"နည်းနည်းလောက် ထပ်အိပ်လိုက်ဦး။ ဒီနေ့ အတန်းမရှိဘူးလေ"

"မအိပ်တော့ဘူး အဆင်ပြေပါတယ်။ ဒူဒူ မပင်ပန်းပါဘူး" 

သူက အဲ့ဒီလို ပြောလိုက်ပေမယ့် မိုရိချန်က [အိပ်ပျော်ဖို့ ဖွဖွပုတ်ပေးသည်]ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်တာကြောင့် ယွမ်းစွော်က နွေးထွေးတဲ့စောင်ထဲမှာပဲ ဆက်လှဲနေဖို့ ရွေးချယ်လိုက်ပြီး နွေးထွေးနူးညံ့တဲ့ ခံစားချက်​က သူ့ကို အိပ်ယာထဲသို့  ချက်ချင်း ပြုတ်ကျသွားစေခဲ့သည်။

မိုရိချန်က ပြုံးပြီး မေးလိုက်သည်။ 

"ဒူဒူ မင်းက ကုတင်ပေါ်က အရာလေးတွေကို ပို့ပေးလိုက်တဲ့သူလား"

ယွမ်းစွော်က မနေ့ညက သူ့ပေးပို့ခဲ့တဲ့ လုပ်ဆောင်ချက်ကို လုပ်ဆောင်နေစဉ် သူ့ရဲ့ တုံးအမှုကို တွေးမိသွားတဲ့အခါ အနည်းငယ် ရှက်သွားသလို ခံစားလိုက်ရသည်။ "ကျွန်တော်... ကျွန်တော် အစကတော့ မိုရိချန်ကို စောင်နဲ့ အုပ်ပေးလိုက်ချင်ပေမယ့် မိုရိချန်ရဲ့...အာ... ရင်ဘတ်က...ပေါ်နေလို့"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now