အခန်း ၃၇

Start from the beginning
                                    

သူက အံ့သြတကြီး လှည့်ကြည့်လိုက်တော့ မျက်နှာပြင်ပေါ်တွင် မိုရိချန်က သူ့နှုတ်ခမ်းထောင့်တွင် အပြုံးလေးဖြင့် ရင်ခွင်ထဲတွင် နို့ဖြူရောင်ခွေးဝတုတ်လေးကို ကိုင်ဆောင်ထားတာကို မြင်လိုက်ရသည်။

"ခွေး...ခွေးကလေးပဲ!" 

ယွမ်းစွော်က လက်ထဲရှိ စုတ်တံကို ပစ်ချလိုက်ပြီး ထိုင်ခုံပေါ်ကနေ ခုန်ဆင်းလိုက်သည်။

ဝုတ်! ခွေးဝတုတ်ကလေးက ဖုန်းဖန်သားပြင်အတွင်းမှ လှပတဲ့အစ်ကိုငယ်လေးကို မြင်လိုက်ရတဲ့အခါ သူက အလိုလိုဟောင်ကာ နူးညံ့တဲ့ပန်းနုရောင်လျှာကို ချစ်စဖွယ်ထုတ်လိုက်ပြီး အနောက်ကို လှိမ့်ပြလိုက်ကာ ပန်းနုရောင်ဗိုက်သားပေါ်ရှိ  ပုံစံငယ်လေးတွေကို ပြသလိုက်သည်။

"အိုး..." 

ယွမ်းစွော်က ချက်ချင်းပင် သူ့နှလုံးသားက အရည်ပျော်သွားတာကို ခံစားလိုက်ရသည်။

ယွမ်းစွော် ကြိုက်တာကို မိုရိချန်က မြင်လိုက်တဲ့အခါ ခွေးဝတုတ်လေးရဲ့ နူးညံ့တဲ့ အမွေးတွေကို ပွတ်ရင်း သူ့မျက်လုံးတွေထဲမှ အပြုံးက ပိုထင်ရှားလာခဲ့သည်။ 

"ပိုင်ရှင်က ပြောင်းရွေ့သွားပြီး ဒီကောင်လေးက အိမ်ဟောင်းမှာ ကျန်နေခဲ့တာဆိုတော့  စွန့်ပစ်ခံလိုက်ရပြီဆိုတာ သိရတယ်။ အိမ်နီးနားချင်းတွေက ပြုစုစောင့်ရှောက်ပေးကြတဲ့အတွက်ကြောင့်မို့လို့ အရမ်းဖြူဖွေးပြီးဝနေတာ"

"အရမ်းသနားစရာကောင်းတာပဲ" ယွမ်းစွော်က ထိုကောင်လေးကို သနားကြင်နာစွာ ကြည့်လိုက်သည်။

မိုရိချန်က ပြန်တုံ့ပြန်လိုက်သည်။ "ဝမ်းနည်းစရာကောင်းတဲ့ နေ့ရက်တွေက ကုန်ဆုံးသွားပါပြီ။ အခုကစပြီး မင်းက သူ့ရဲ့ပိုင်ရှင်ဖြစ်သွားပြီဆိုတော့ သူက အရမ်းပျော်နေလိမ့်မယ်!"

ယွမ်းစွော်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလိုက်သည်။

 "Mmm-hmm ကျွန်တော် သူ့ကို ကောင်းကောင်း ဂရုစိုက်ပါ့မယ်"

မိုရိချန်က ခွေးဝတုတ်လေးကို စားပွဲပေါ်တင်လိုက်ပြီးနောက် ပေးပို့မှုခလုတ်ကို နှိပ်လိုက်သည်။

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now