Raising You This Small Stuff
Unicode
အခန်း ၃၇: မိုရိချန် နေမကောင်းဘူး!
နောက်တစ်နေ့တွင် Sမြို့ရှိ ရဲတွေက ခွေးသူခိုးဂိုဏ်းကို နှိမ်နင်းခဲ့တဲ့ ခေါင်းစဉ်က Weiboပေါ်မှာ ပေါ်လာခဲ့သည်။ တစ်ဖက်မှာတော့ အလွှာပေါင်းစုံမှ ခွေးချစ်သူများကြောင့် အပြုသဘောဆောင်သော တုံ့ပြန်မှုများရှိခဲ့ပြီး တစ်ဖက်တွင် မိုရိချန်နှင့် ပြန်ကြားရေးလုပ်တဲ့သူ လုံပေါ်တို့ကဲ့သို့ သြဇာကြီးမားတဲ့ အနုပညာရှင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ကျေးဇူးတင်စကားသံများစွာ ရရှိခဲ့သည်။
မကြာမီတွင် ကံကောင်းတဲ့ ပိုင်ရှင်အချို့က သူတို့ရဲ့ခွေးတွေကို ပြန်လည်တွေ့ရှိခဲ့ကြပြီး ပိုင်ရှင်ကို ရှာမတွေ့နိုင်တဲ့အချို့ခွေးတွေ သို့မဟုတ် ခွေးလေခွေးလွင့်တွေကို လူမှုဖူလုံရေး အဖွဲ့အစည်းများထံသို့ ယာယီပို့ဆောင်ခဲ့ကြသည်။ ချန်စန်းက ပရဟိတတိရိစ္ဆာန်ကာကွယ်စောင့်ရှောက်ရေး ဂေဟာကို ငွေကြေးထောက်ပံ့ရန် စီစဉ်နေခဲ့သည်။
လူတိုင်းကို စိတ်ဆင်းရဲစေတဲ့ တစ်ခုတည်းသော အရာက အဘိုးနဲ့ ဆက်သွယ်ပြောဆိုရန် အဆင်မပြေဖြစ်နေစေတဲ့ လုံပေါ်ရဲ့ဂိမ်းက ကွန်ပျူတာထဲတွင် ရှိနေတာကြောင့် ဖြစ်သည်။
အရေးကြီးနေတဲ့အခိုက်အတန့်တွင် ဉာဏ်သိပ်မထက်တဲ့ အသေးလေးဒူဒူက အကြံဉာဏ်ပေးလာပြန်သည်။
"မင်း...ဗီဒီယို လုပ်ဆောင်ချက်ကို သုံးလို့ မရနိုင်ဘူးလား... ကွန်ပျူတာရှေ့မှာ ကင်မရာ တစ်လုံး ထားလိုက်ပြီး ချန်စန်းက ဖုန်းထဲကို ပို့ပေးလို့ရနိုင်မလား"
ချန်စန်းက သူ့ရဲ့IQကို နောက်တစ်ကြိမ် သံသယဝင်လာကာ ခေါင်းကို ခါးသီးစွာ ပုတ်လိုက်သည်။
မိုရိချန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူ့elfကို ကြည့်လိုက်သည်။
လုံပေါ်: "ဝုတ် ဝုတ်!"
ငါက ခွေးတစ်ကောင် ဖြစ်ပေမယ့် မင်းက bossတစ်ယောက်လေ။ မင်းက ဒီအသေးလေးနဲ့တောင် မယှဥ်နိုင်တာ မရှက်ဘူးလား။
သုံးရက်ကြာပြီးနောက်။
ယွမ်းစွော်က လုံပေါ်ရုပ်ပြကာတွန်း၏ ဒုတိယအပိုင်းကို အာရုံစိုက်နေချိန်တွင် ဖုန်းအပြင်ဘက်မှ ကျယ်လောင်တဲ့ ဟောင်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
YOU ARE READING
ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)
RomanceTitle - Raising you this small stuff Chinese Title - 养你这件小事 Author - 九云歌 Status - 81 chapters + 2 extras Credits to all. Description 'elf rebirth project 'လို့နာမည်ရတဲ့ဂိမ်းက ရုပ်ရှင်ဧကရာဇ်ရဲ့ဖုန်းထဲကို ဖိအားပေးတပ်ဆင်ဝင်ရောက်လာပြီးနောက် သူက ဒါကို ဗ...