အစပိုင်းတွင် ရှီယွင်နန်အားလပ်ရက်များတွင် အိမ်သို့ပြန်လာခဲ့သော်လည်း မကြာမီတွင် မိသားစုတွင် ဇနီးသစ်တစ်ယောက်ရှိလာပြီး တစ်ဖက်လူက သူ့ကို ပွင့်ပွင့်လင်းလင်းပဲ ဘေးသို့တွန်းထုတ်ခဲ့သည်။

အဖေရှီက သူ့ကို အပေါ်ယံမှာသာ အကာအကွယ် ပေးခဲ့သော်လည်း  ကွယ်ရာမှာတော့နောက်ပေါက်မှဝင်လာတဲ့ ဇနီးသည်ဘက်မှာပဲ ရှိလေသည်။  အိမ်ရဲ့ အကြီးအကဲဖြစ်တဲ့ လူအိုကြီးရှီတောင် သူ့ကိုဂရုမစိုက်ပေ။

ရှီယွင်နန်သည် သူ့မိသားစုနှင့်ပတ်သက်သည့် အတွေးအမြင်များ ပျောက်ကွယ်လာပြီး သူလည်းအိမ်ပြန်လာ ခဲသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူဟာဒီမိသားစုတွင် မလိုအပ်တဲ့ လူပိုတစ်ယောက်ဖြစ်လာပြီး အစေခံများတောင် သူ့နောက်ကွယ်မှာ မကောင်းပြောရဲနေကြပြီ။

ရှီယွင်နန် ဒီလိုတွေ ရှုတ်ချပြောဆိုတာကို နားထောင် ပြီးနောက် သူ့မျက်လုံးများရှိ အပြုံးများ အေးစက်သွားတော့သည်။

အစေခံငယ်သည် ထိတ်လန့်တုန်လှုပ်သွားပြီး သူတို့ကိုတားရန် အောက်ထပ်သို့ဆင်းသွားသော်လည်း ရှီယွင်နန်က လက်ဖက်ရည်ဗန်းပေါ်မှ ခွက်ကို အရင် ယူလိုက်ပြီး

"ငါ ဒါကိုသုံးလိုက်မယ်"

လက်ရာမြောက်စွာ ဖန်တီးထားသော လက်ဖက်ရည် ခွက်လေးသည်  လေထုထဲတွင် ပြီးပြည့်စုံသော အကွေးနဲ့အတူ  ပထမထပ်တွင် ဘန်းဆိုသည့်အသံကြီးဖြင့် အပိုင်းပိုင်းအစစ ကွဲသွားတော့သည်။

အောက်ထပ်ရှိအတင်းပြောနေသော  အစေခံများသည်  ရုတ်ခြည်းရပ်တန့်သွားကာ အခြေအနေကို စစ်ဆေးရန် မီးဖိုခန်းထဲမှ ပြေးထွက်လာကြသည်။

ရှီယွင်နန် စင်္ကြံ၏လက်ရန်းကို လက်တစ်ဖက်ဖြင့် ထောက်ထားပြီး  "ဘာလို့ ကျယ်ကျယ်မပြောတာလဲ? နောက်တစ်ခွက်ကြရင် မင်းတို့ခေါင်းကို ထိအောင်ပစ်ပေးမယ်လို့ ကတိပေးတယ်"

"ဒုတိယသခင်လေး?"

သူတို့က သူ့နောက်ကွယ်မှာ အတင်းအဖျင်းပြောနေကြတာ မထင်ထားတာက သူက  အပေါ်ထပ်က နေ အားလုံးကို ရှင်းရှင်းလင်းလင်းကြားသွားရတာလား?

ဒုက္ခိတ အာဏာရှင်ကြီးနှင့် လျှပ်တစ်ပြက်လက်ထပ်ပြီး​နောက်Where stories live. Discover now