Chapter unicode 28+End

Start from the beginning
                                    

ကိုယ်လက်တွေနာတာမဟုတ်ဘူးမေမေရေ၊ ဒီနေရာလေ၊ တဒုတ်ဒုတ်ခုန်နေတဲ့ဒီနေရာကနာနေတာ။
အခုသူ့အဖြစ်ကြီးက ရေမရှိတဲ့ချောင်းနှာခေါင်းနှစ်
သေဖို့သာကောင်းတယ်။
" ဒါနဲ့ မေမေဘာလို့နှိုးတာလဲ၊ ဒီနေ့ကျောင်းပိတ်
တယ်လေ..."
" မင်းကမနေ့ကတည်းက၀င်အိပ်နေလို့မေမေမပြောရသေးတာ၊ မင်းအန်တီလေးပြန်လာပြီတဲ့..."
" ခင်ဗျာ!"
ဗညားဟိန်းသည်ကြိုသိပြီးသားဖြစ်သော်လည်းအံ့
သြချင်ယောင်ဆောင်လိုက်သည်။
" ဖြူဖြူလေ... ပြန်တွေ့တော့လည်းနေမကောင်း
ဘူးတဲ့သားရယ်။ အခုမေမေသွားကြည့်မလို့
သားလည်းလိုက်ခဲ့လေ..."
" နောက်မှ..ဒီနေ့သားပင်ပန်းနေလို့နောက်မှပဲ.."

" အင်းလေ မင်းကိုစောင့်နေရင်လည်းမနက်စာမမှီ
ပဲနေမယ်..ဒါဆိုနောက်ကျသေချာလိုက်တွေ့.."
" ဟုတ်...."
နုနုကလှည့်ထွက်ပြီးမှ အခန်း၀ကနေပြန်လှည့်ကာ
" သြော်ဒါနဲ့...ဖြူဖြူ့မှာသမီးလည်းပါလာတယ်တဲ့
ဆေးကျောင်းကပဲဆ်ိုတော့ သားနဲ့အတူတူပဲပေါ့"

" သြော် ဟုတ်လား.."
" နာမည်ပြောတော့ပြောတယ်..ဖြူတော့ပါတယ်
သားရယ်..သြော် ငါ့သတိကလည်း..
အင်းလေ ခုတွေ့ ရင်မေးလာခဲ့မယ်။ နောက်ကြ
ညီမလေးကိုကျောင်းမှာတွေ့ရင်ကောင်းကောင်း
ဆက်ဆံနော်သား..."

ညီမလေးတဲ့လား။ အင်းလေ ညီမလေးပဲကို။

>>>>>>>>
နုနုကဆေးရုံကိုဘူးကြီးဘူးငယ်သယ်ကာရောက်ချ
လာသည်။
" ဘယ်လိုနေလဲဟင် ဖြူဖြူ..သက်သာရဲ့လား.."

ဖြူဖြူထွက်သွားပြီးကတည်းကနုနုနဲ့သူလည်းထပ်
မတွေ့ဖြစ်ကြပါဘူး။ နုနုသားလေးဆေးကျောင်းလာတတ်မှသာပထမဆုံးသူ့ဆီလာပြီးသားကိုအပ်
သွားတာ..ဒီကြားထဲ၂ခေါက်လောက်တွေ့ပေမယ့်
ဖြူဖြူ့အကြောင်းတော့သူမပြောမိပါ။
ဒါဆို ..ပြောမယ့်လူကတစ်ယောက်ပဲရှိတော့သည်။

မနုနုကိုတွေ့လိုက်ရတော့ ဖြူဖြူနည်းနည်းတော့
အံ့အားသင့်မိကာ..လည်ပင်းထဲကခြောက်ကပ်ခြင်း
ကိုခံစားရသည်။
နုနုကိုသူမုန်းခဲ့သလား?
ဟင့်အင်း..သူကသူ့ဖြစ်တည်မှုကိုပဲသူမုန်းခဲ့တာပါ။

ဒက်ဒီရဲ့သမီးအကြီးဖြစ်အောင်လည်းမနုနုကလုပ်
ယူခဲ့တာမဟုတ်သလို၊ ကိုကို့အချစ်ဦးဖြစ်နေတာ
လည်းသူ့အပြစ်မှမဟုတ်ပဲလေ။
မနုနုက ဖြူဖြူပိုင်တာတွေကိုလုယူခဲ့တာမဟုတ်ဘူး
ကနဦးပိုင်ရှင်ကသူဖြစ်ခဲ့လို့ ဖြူဖြူမခံစားနိုင်ခဲ့တာ။

အဖြူရောင်နုနု(complete)🚨Where stories live. Discover now