Chapter 14 unicode

14.8K 397 13
                                    

🔸အဖြူရောင်နုနု🔸14

            အပိုင်း~၁၄

Next day...
မင်းထက်နေနိုင်တစ်ယောက်ကျောင်းသွားဖို့ရေချိုးခန်းထဲမှာshavingလုပ်ဖို့ပြင်နေစဉ် ..
Shaving creamကိုမေးရိုးတစ်လျှောက်ပွတ်ပြီး
မုတ်ဆိတ်ဓားကိုလှမ်းယူကာရိတ်ခါနီးမှတစ်ခုခုစဉ်း
စားမိကာ...
" လွန်းဖြူဖြူ....."
ရေချိုးခန်းထဲကနေလှမ်းအော်လိုက်ပါသည်။
" ဟေ့ လွန်းဖြူဖြူ ....."
ဖြူဖြူကပြန်မထူးပဲအခန်း၀မှာဘွားခနဲပေါ်လာပြီး
" ဘာလို့ခေါ်တာလဲ ကိုကို..."
" ဒီမှာ မင်း ငါ့ဓားကိုတော့ယူမသုံးထားပါဘူးနော်"
" ဟင် ဘာကိုလဲ....သြော်... "
ဖြူဖြူကအဓိပ္ပါယ်ဖော်မရတဲ့အပြုံးမျိုးပြုံးလိုက်လျှင်
" အဲ့မျက်နှာပေးကဘာလဲ...မင်းတကယ်ယူသုံး
ထားပြန်ပြီလား..."
" မသုံးရပါဘူးကိုကိုရယ် ဘုရားစူး..."

" ကျစ်! မင်းကြောင့် ငါဘာပစ္စည်းမှစိတ်ချမထားရဲတော့ဘူး.."
" ကိုကိုစိတ်မသတီဘူးဆိုရင်လည်း မရိတ်နဲ့ပေါ့
ဒီအတိုင်းလည်းကြည့်ကောင်းသားပဲ၊နှုတ်ခမ်းမွှေး
လေးထားလိုက်ပါလား..."
နှုတ်ခမ်းမွှေးဆိုမှအောက်ထပ်ကနှုတ်ခမ်းမွှေးတကားကားနဲ့ကောင်ကိုသတိရသွားပြီး...
" နှုတ်ခမ်းမွှေးထားရအောင်ကိုယ်ကဆရာ၀န်၊ကလေကချေကောင်မဟုတ်ဘူး...."
" မဆိုင်ပါဘူးကိုကိုရယ်..နိုင်ငံခြားမင်းသားတွေကြည့်ပါလား၊နှုတ်ခမ်းမွှေးနဲ့လည်းခန့်တာပဲ..."
" အဲ့တော့မင်းသိပ်ကြိုက်နေတယ်ပေါ့..
သွားလေ နှုတ်ခမ်းမွှေးနဲ့ကောင်သွားရှာချေ..."

ဖြူဖြူ့ကိုရေချိုးခန်းထဲကနေတွန်းထုတ်ပြီးတံခါးပိတ်ပစ်ပါသည်။ ဟယ်တော့....

>>>>>>>>
ရေချိုးပြီးအပြတ်ရွှိုင်းနေတဲ့သူ့အားဖြူဖြူကလက်ပိုက်ရပ်ကြည့်ကာ...
အင်း ကိုကိုလည်းအရင်ကထက်ပဲများလာတာပဲ။
ဆံပင်ကိုတောင်ကိုရီးယားမင်းသားကေညှပ်ထား
ပြီး..အကျီကတော့စတစ်ကော်လံအဖြူနဲ့ပုဆိုးကို
အရင်ကလိုကွက်ကျဲကြီးတွေလုံး၀မ၀တ်တော့ပဲ..
ပိုးတွဲပုဆိုးကိုမှအဆင်နုတာလေးတွေရွေး၀တ်တတ်လာသည်။
ဘော်ဒီစပရေးကလည်းမွှန်နေအောင်ဖြန်းရသေး
တယ်...။
" ဖြူဖြူ့ နားထဲမှာတော့လျှံနေတာပဲ သိလား..."
"လျှံနေရင် ကလော်ပေါ့...."

အဖြူရောင်နုနု(complete)🚨Where stories live. Discover now