Chapter 2 zawgyi

24.9K 524 1
                                    

🔸အဖြူရောင်နုနု🔸2

ကိုကိုက ဖြူဖြူ့ထက်၅နှစ်အတိကြီးတယ်။
အမြဲတမ်းလိုလိုရှပ်အကျီနဲ့ပုဆိုးကိုသပ်သပ်ရပ်
ရပ်၀တ်တတ်တယ်။
ကိုကိုကခေတ်မဆန်ဘူး၊ပြီးတော့ခေတ်ဆန်တာကို
လည်းမကြိုက်ဘူး။
ကိုကိုက ဆေးလိပ်မသောက်ဘူး၊ဂီတာမတီးတတ်
ဘူး။သီချင်းမငြီးတတ်ဘူး။
ဤမျှပြင်းရိဖွယ်ကောင်းသောကိုကို့ကို လွန်းဖြူဖြူ
ဆိုတဲ့သူမ မြင်မြင်ချင်းမှာတင် အဘယ်ကြောင့်များသေဆုံးခဲ့ရပါသနည်း။

                        အပိုင်း~၂
ဒီဝေဇန္တရာလမ်းမကြီးရဲ့တဖက်ခြမ်းကလူချမ်းသာ
ရပ်ကွက်ဖြစ်ပြီးတဖက်ခြမ်းမှာတော့သာမန်လူတန်း
စားရပ်ကွက်ရှိသည်။
ကိုကို့အိမ်နဲ့ဖြူဖြူ့အိမ်ကိုဒီလမ်းမကြီးကအလယ်
ခေါင်ကနေကန့်လန့်ဖြတ်ကာပိုင်းခြားထားသည်။
ကိုကိုကဖြူဖြူ့ဆီကိုလာတိုင်းစက်ဘီးတစ်စီးနဲ့ဒီလမ်းမကြီးကိုဖြတ်နင်းလာရပြီး...
ဖြူဖြူကကိုကို့ဆီသွားရင်တော့ကိုယ်ပိုင်ကားနဲ့ဒီ
လမ်းမကိုဖြတ်မောင်းလေ့ရှိသည်။
ဒီလမ်းမကြီးကသိပ်ရှုပ်တာပဲ....

ခြံတံခါးရှေ့မှာဆွဲထားတဲ့ခေါင်းလောင်းလေးကိုလှုပ်
ရမ်းလိုက်တဲ့အသံကြောင့်..မင်းထက်နေနိုင်တစ်
ယောက်နုနုသူ့ဆီပြန်လာတယ်အထင်နဲ့အိမ်ထဲက
နေအလျှင်အမြန်ပြေးထွက်လာခဲ့သည်။
သို့သော်...သူ့ချစ်သူနုနုတော့မဟုတ်ပဲ..ခြံ၀ကကြေးခါင်းလောင်းကိုလှုပ်ပြီးဆော့နေတာက ..
" လွန်းဖြူဖြူ....."
" ဟင်...ကိုကိုအိမ်မှာရှိတယ်..."
သူ့အဖေနဲ့အမေခရီးသွားတာကိုဒီကောင်မလေးမသိပဲနေမှာမဟုတ်၊အိမ်မှာသူပဲရှိတာကိုသူ့ဆီလာ
ပြီးသူ့ကိုမြင်လို့အံသြပြနေရလား?
" ဘာကိစ္စရှိလို့လဲ...."
" ကိစ္စလား..ရှိတာပေါ့လေ...
ဒါနဲ့ တံခါးမဖွင့်ပေးတော့ဘူးလားဟင်.."

ကျစ်၊အသဲကွဲနေတာတောင်အေးအေးဆေးဆေး
ကွဲရမယ်မရှိပါလားကွာ..ဟူးး။
" မပိတ်ထားဘူး တွန်းဖွင့်ခဲ့..."
ပြောပြီးသူကပြန်လှည့်ကာအိမ်ထဲ၀င်လာခဲ့သည်။
အိမ်ရှေ့ခန်းကစားပွဲပေါ်မှာပြန့်ကျဲနေတဲ့ပစ္စည်းတွေ
ကိုကောက်သိမ်းပြီး..ကုလားထိုင်မှာ၀င်ထိုင်လိုက်
သည့်အထိဒီကောင်မလေးနောက်ကလိုက်၀င်မလာသေး။
ဘာလုပ်နေပါလိမ့်။တံခါးဖွင့်မရလို့များလား။
" ကိုကို...."
" ဘာလဲ..."
သူလည်ပြန်လှည့်ကြည့်တော့မှ..သူ့ကိုယ်ပေါ်ကိုရေ
တွေဗွမ်းခနဲအပက်ခံလိုက်ရသည်။
" မင်းး...တောက်)))) ဘာလုပ်တာလဲကွ..."
" သင်္ကြန်ရေလောင်းတာလေ..."
" ဘာ........"
သူ့အိမ်ကသစ်သားအိမ်လေးမို့..အိမ်ထဲမှာရေတွေရွဲကုန်ပြီ။အနားကတီဗီတွေ၊ပန်ကာတွေ၊ပလပ်
ပေါက်တွေနဲ့...
" မင်းရူးနေလားဟမ်... အိမ်ထဲမှာနေတဲ့လူကို
ရေလောင်းလို့ရမလားကွ..."
" ကိုကိုကအပြင်မှထွက်မလာတာ...  "
" လွန်းဖြူဖြူ...."

အဖြူရောင်နုနု(complete)🚨Where stories live. Discover now