တီ..........စာမေးပွဲခန်းထဲဝင်ဖို့အချိန်ကြပြီဆိုတဲ့အချက်ပေးသံ

"အားလုံးပဲသေချာဖြေကြမယ်နော်"

"Okay....."

စာရွက်ပေါ်မှာအမှားမှန်လေးပဲရွေးချယ်ကာဖြေရတဲ့စာမေးပွဲဆိုပေမဲ့လဲ အဲ့လိုမှန်အောင်ရွေးနိုင်ဖို့ဆိုတာကလဲ စာတွေကိုသေချာလေ့လာကျက်မှတ်ရမှာပဲမဟုတ်ပါလား....

"ပထမရက်ဖြေပြီးတော့ ဒုတိယရက်"

"တတိယရက်"

"စတုတ္ထရက်"
.
.
.
တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာကာ အခုဆိုစာမေးပွဲကြီးရဲ့နောက်ဆုံးရက်တောင်ရောက်ရှိလို့လာခဲ့ပေသည်။

ငါတို့တွေဒီနေ့ပြီးရင်မတွေ့ကြရတော့ဘူး ကျန်းမာရေးဂရုစိုက် အပြင်သွားရင်ခေါ်အုံး ငါ့ကိုလဲဖုန်းဆက်နော် လွမ်းနေမယ်နော်ဆိုကာ  တစ်ယောက်တစ်ခွန်းမှာကြားပြီးစာမေးပွဲအခန်းထဲ မဝင်ခင်စကားတွေတစ်ယောက်တစ်ပေါက်ပြောဆိုကာ ပျော်တဲ့သူတွေကလဲပျော်နေကြသလို သူငယ်ချင်းတွေခွဲခွာရတော့မယ်ဆိုတော့စိတ်မကောင်းဖြစ်တဲ့လူတွေကာစိတ်မကောင်းဖြစ်ကာ ဒီနေ့ရဲ့ကျောင်းသားများရဲ့နောက်ဆုံးရက်လေးကိုဖြတ်သန်းကြရပေတော့မည် ကောင်လေးလေးယောက်အပါဝင်ပေါ့....

တီ.......ထုံးစံအတိုင်းအချက်‌ပေး
အသံမြည်လာသည်နှင့်အခန်းထဲကိုအသီးသီးဝင်ကာဖြေဆိုရန်အသင့်ထိုင်စောင့်နေကြတဲ့ ကျောင်းသူကျောင်းသားများကလည်း အခန်းတိုင်းလိုလိုပင်.....

တီ.......ဖြေဆိုချိန်စပြီဆိုတဲ့အချက်ပေးသံကြားရသည်နှင့် ကိုဖြေရမဲ့စာရွက်အ‌ပေါ်‌မှာကိုယ်ကျက်မှတ်ထားတဲ့စာတွေကိုပြန်လှန်အသုံးကာအဖြေမှန်တွေကိုကြိုးစားပမ်းစားဖြေဆိုနေကြတဲ့ကျောင်းသူကျောင်းသာများကလည်းသေချာကြည့်မယ်ဆို သူတို့အတွက်နောက်တစ်ကြိမ်ပြန်လာလို့မရတော့မဲ့နေရာလေးကိုလွမ်းနေမိကြမှအမှန်ပင်......

တီ............ဖြေဆိုချိန်ပြီးဆုံးကြောင်းအချက်ပြသည့်အသံပင်....

ဝါးးးး ကျွတ်ပြီးလွတ်ပြီးဟေးးးဟေးးးငါတို့ တော့ပိုကီသွားစားကြမယ် ကင်မ်ချီသွားစားကြမယ် ခေါက်ဆွဲအေးလေးသွားစားမယ် ဟိုဟာလေးဒီလေးစားကြမယ်ဆိုကာတစ်ယောက်တစ်ပေါက်ပြောဆိုနေကြသောအထက်တန်းနောက်ဆုံးနှစ်ကကျောင်းသူကျောင်းသားများပင်....

~~~ မူပိုင်~~~ (Completed)Where stories live. Discover now