"သားဂျီထမင်းစားကြမယ်လေ ဆင်းခဲ့တော့နော် သားဂျီ"

"Nae Omma"

ထမင်းစားဝိုင်းတွင် ဟက်ဟက်ပတ်ပတ်စားချင်းမရှိပဲ တို့ကနဲစိပ်ကနဲနဲ့စားနေတဲ့ဂျီလေးကိုကြည့်ကာ...

"သားဂျီ ဘာဖြစ်လို့လဲစားလို့မကောင်းဘူးလား"

"Nae ကောင်းပါတယ်Omma"

"အဲ့တာဆိုသေချာစားလေ ဘာလို့ဟိုဟင်းနည်းနည်းတို့ထိလုပ် ဒီဟင်းနည်းနည်းတို့ထိ လုပ်နေရတာလဲ"

"Appa နဲ့ Ommaသားပြောစရာရှိလို့"

"ဘာများလဲ"

"သားအထက်တန်းပြီးရင် ပြည်ပမှာပဲကျောင်းဆက်တက်ချင်တယ်Ommaနဲ့Appa"

"အွန်း သဘောလေ ထမင်းဆက်စားတော့"

"ဟမ်"

"ဘာဖြစ်ရပြန်ပြီလဲ"

"မဟုတ်ပါဘူး "

"အင်း စားတော့"

ဒါကဘယ်လိုတောင်လွယ်ကူတဲ့အရာမို့ချက်ချင်းလက်ခံသွားရတာလဲ အနည်းဆုံးတော့အဆူခံရမယ်မဟုတ်လား

"သား ဂျီ"

"ကောင်းကောင်းစားပါ့မယ်"

ဒီလိုနဲ့အတန်းတွေတစ်နှစ်ပြီးတစ်နှစ်တက်လာခဲ့ကာ အခုဆိုကျောင်းသားတိုင်းရဲ့ဘဝတစ်ဆစ်ချိုးတောင်ရောက်ခဲ့လာကြပြီ မွေးဖွားလာတဲ့အချိန်ကနေစပြီးအခုချိန်ထိကလေးတွေက အရွယ်ရောက်ဖို့ကြာလိုက်တာထင်ရပေမဲ့ မျက်စိတစ်မှိတ်အတွင်းမှာတင် အရွယ်ရောက်မြန်လာကြတာလဲ ကလေးတွေပဲမဟုတ်ပါလား.....

ဒီနေ့စာမေးပွဲ ဖြေဖို့ပထမဆုံးရက်

"စာသေချာဖြေနော် ဂျီလေး ထယ်လေး Joon"

"အင်း..."

"ဘာစားလာလဲ"  (Tae)

"ပေါင်မုန့်နဲ့နွားနို့  (jimin)

"အင်း သေချာဖြေအုံးနော်" (Tae)

"အင်း "(jimin)

အရင်လိုစကားလုံးလှလှလေးတွေနဲ့စနောက်နေချင်းမရှိတော့ပေမဲ့ စာမေးပွဲဖြေရတော့မဲ့အတောတွင်းမှာတော့ ထယ်လေးကစကားပြန်လာပြောခဲ့သည် ပျော်ခဲ့ရပေမဲ့အပြည့်ဝတော့မဟုတ်ဘူးပေါ့...

~~~ မူပိုင်~~~ (Completed)Where stories live. Discover now