"Joon Joon လုပ်ပါအုံးအထဲမှာ ပိုးကောင်လေးတွေအများကြီးပဲ"

သူ့စီကိုအားကိုတကြီးပြေးလာတဲ့Hopeကိုကြည့်ကာသူ့စိတ်ထဲကြည်နူးမှုစိတ်လေးဖြတ်ပြေးသွားလေသည်။

"အဲ့အကောင်တွေကမီးပိတ်လိုက်ရင်မလာတော့ဘူးလေ အဲ့လိုပိုးကောင်တွေတွေ့ခဲ့ရင် မီးသာပိတ်ထားလိုက် မီးရောင်ရှိတဲ့ဆီကိုသူ့တို့ဘာသာထွက်သွားလိမ့်မယ်"

"အော် အဲ့လိုလားသိမှအသိတာကြက်သီးတောင်ထတယ် ဒီမှာကြည့်ပါလား ပျောက်တောင်မပျောက်သေးဘူး"

"ဟုတ်ပါရဲ့"

Hopeရဲ့လက်ကိုကိုင်ကိုင်ကြည့်နေရင်းနဲ့မှတော်တော်နဲ့မလွှတ်ပေးပဲစိုက်ကြည့်နေတဲ့Joonကိုဘာလုပ်လို့လုပ်ရမလဲမသိဖြစ်နေတဲ့ Hope ကြံရာမရတဲ့အဆုံးလက်ကိုဖြည်းဖြည်းချင်းအနောက်ဆုတ်ရာမှာ လက်ဖဝါးလေးကိုအနုညံ့ဆုံးဆုတ်ကိုင်ကာ

"Seokလေး"

"ဟင်"

"ချစ်တယ်"

"ဟင်"

"ဟင်ပဲပြောနေတော့မှာလားလေ ကိုယ်တစ်တကယ်အလေးနက်ထားပြောတာပါ အခုမှချစ်လာတာမဟုတ်ပါဘူးကိုယ့်စိတ်ကိုသေချာသိလိုက်တဲ့အချိန်က အထက်တန်းပထမနှစ်မှာပါ စိတ်အနှောက်ယှက်ဖြစ်သွားမှာဆိုးလို့မပြောပြခဲ့တာပါ အခုဒီအစီစဥ်တွေကလဲ ကိုယ်မင်းကိုသဘောကျတဲ့နေ့ထဲကချထားတဲ့အစီစဥ်ပါ"

"ဟင်"

"ဒီတစ်ခေါက်ထက် ဟင် ရင် ကိုယ်မင်းနှုတ်ခမ်းတွေကိုအလွှတ်မပေးပဲနမ်းမိနေတော့မယ်ထင်တယ်"

မင်းတို့တွေ တွေးကောင်းတွေးနိုင်တယ်ပေါ့နော် တစ်ဖက်လူကအလေးနက်ပြောနေတာကို 'ဟင် ဟင် ဟင်' လုပ်နေတယ်အလေးနက်မထားဘူးခံစားရပေးမဲ့ တစ်ဖက်လူကလည်းကိုယ်မထင်ထားတဲ့အရာတစ်ခုကို ကိုယ်ရှေ့မှာလုပ်နေတာတို့ ပြောပြနေတာတို့ဆိုရင် ပြန်ပြောဖို့စကားလုံးတွေပြန်ရှာနေရတဲ့အခါ ဟင်နဲ့ အစားထိုးလိုက်ရတာတွေလည်းရှိနေခဲ့ပေသည်။

Joonမြင်နေရသည် တစ်ဖက်လူက ဟင် ဟင်လို့သာပြောနေပေမဲ့သူ့စကားလုံးတွေကိုအလေးနက်ထားပြီးနားထောင်ပေးနေတယ်ဆိုတာ တစ်ဖက်လူရဲ့မျက်ဝန်းတွေကနေခံစားမိနေသည်။

~~~ မူပိုင်~~~ (Completed)Where stories live. Discover now