"အော်"
"ဒါနဲ့ ဘယ်မှာအိပ်ရမှာလဲ"
"တဲထိုးရမှာပေါ့baeရယ် ကိုယ်အကုန်အဆင်သင့်ပြင်ဆင်လာပါတယ် လာအခုလောလောဆယ်တော့ နေမဝင်ခင်လေးဓာတ်ပုံရိုက်ရအောင် ဟိုနှစ်ယောက်ကိုပြန်ကြွားလို့ရတာပေါ့"
"ဟုတ်တယ် ရိုက်မယ်"
Vminအတွဲမှာလဲ စားချင်လဲစားပြီးတော့ကမ်းစပ်နားလေးလမ်းလျှောက်ကာထိုင်လို့ကောင်းမဲ့နေရာလေးရှာနေကြလေသည်။
"ဂျီလေးဒီမှာထိုင်ရအောင်"
"အင်း ပင်လယ်ကြီးကလှလိုက်တာ နေဝင်ခါနီအချိန်မို့လို့ထင်တယ် ပိုလှနေတယ်လို့ခံစားရတယ်နော်"
"အင်း အရမ်းလှတယ် အဲ့ဒီအလှထက်မင်းပျော်ရွှင်နေတာမျက်လုံးလေးတွေကပိုလှတယ်ဆိုတာသိလား"
Jiminieက ပင်လယ်ကြီးကိုကြည့်ကာနေဝင်ခါနီသဘာဝအလှတရားနဲ့ပေါင်းစပ်လိုက်လို့ပိုလှသွားကြောင့်မျက်ဝန်းလေးတွေကပါပြောပြနေတာကိုအမိအရာအလွတ်မခံပဲ စိုက်ကြည့်နေတဲ့ထယ်က သဘာဝတရားကြီးထက်သူ့ရဲ့မူပိုင်လေးကပိုလှကြောင်းပြောပြလိုက်တော့ ရှက်သွေးလေးဖြာသွားတဲ့Jiminie
" အဲ့လိုကြီးပဲကြည့်နေတော့မှာလား
ထယ်လေး"
" အွန်း နေ့တိုင်းပဲ "
"Ya !"
Jiminieထပ်ပြောတော့မဲ့စကားလုံးတွေကိုရပ်တန့်ဖို့ Taeကသူရဲ့မျက်နှာကိုJimineမျက်နှာအနားသို့တိုးကပ်ကာ
"သိလား မောင်လို့ခေါ်တဲ့နာမ်စားလေးကိုတစ်သက်လုံးအခေါ်ခံချင်နေမိတယ်ဆိုတာ အဲ့တာကလဲဘယ်သူ့ဆီကမှမဟုတ်ပဲ အခုမောင့်ရဲ့မူပိုင်လေးဆီကပဲဆိုတာလေ"
လေးနက်တဲ့အသံနဲ့လေးနက်တဲ့စကားလုံးကြားမှာတင်ပြန်ပြောဖို့ဆွံ့အနေမိတဲ့Jiminieက နောက်ထက် ထယ့်ရဲ့လေးနက်တဲ့အကြည့်တွေအောက်မှာတင် အကြိမ်ကြိမ်ကျရှုံးနေမိတာကိုခံစားနေမိသည်။
"ထယ်..ထယ်လေး Naraနဲ့"
"သူငယ်ချင်းပါ အဲ့နေ့ကဂျီလေးနဲ့ ဝေးဝေးနေဖို့သူ့ကိုသတိသွားပေးခဲ့တာဒါပေမဲ့သူကမောင့်ကိုစိတ်ဝင်စားမိသွားတာပါတဲ့ ဒါပေမဲ့မောင်လဲပြန်ပြောခဲ့လိုက်ပါတယ်မောင့်မှာပိုင်ဆိုပြီးသာမူပိုင်လေးကအဆင်သင့်ရှိပြီးသား အဲ့တာကလဲ ဂျီလေးလိုတစ်ခါထဲပြောလိုက်တယ် အဲ့တာကိုသူ့ကိုနားလည်သွားပြီး ဒီတိုင်းခဏတာရင်ခုန်သွားတာ ပါသူငယ်ချင်းလုပ်လို့ရမလားဆိုလို့ မောင့်ကသူငယ်ချင်းအဖြစ်လက်ခံလိုက်တာ အခုသူ့မှာတောင် မမဆိုလားပဲ ရှိတယ်တဲ့"
YOU ARE READING
~~~ မူပိုင်~~~ (Completed)
Final
Start from the beginning