"အဟမ်း ဒါနဲ့ဟိုနှစ်ယောက်ကိုမခေါ်ဘူးလား"

"သူတို့ကအခုလောက်ဂျယ်ဂျူတောင်ရောက်နေပြီ"

"ဘာာာ!"

"ဂျယ်ဂျူကို !"

"အင်းလေ"

"ဘာလိုအဲ့လောက်အံ့သြနေတာလဲ"

"အံ့သြတာပေါ့ကွ ငါမှမသိလိုက်တာ ပြန်လာမှစိတ်ဆိုးပြလိုက်အုံးမယ်"

"ဘာလို့"

"ဘာလို့ရမှလဲ ငါ့ကိုမှမခေါ်တာ"

"အခုကိုယ်နဲ့သွားနေတာပဲကို"

"အောင်း နေပါအုံး တကိုယ်ကိုယ်နဲ့ဘာဖြစ်နေတာ မင်းနေကောင်းရဲ့လားJoon"

"အင်း လူကကောင်းတယ် စိတ်ထဲတော့နေလို့မကောင်းဘူး ရင်တွေအရမ်းခုန်နေလို့"

-"ဘာကြောင့်လဲ"

"အချစ်နဲ့နှစ်ယောက်ထဲတောင်တက်လမ်းလျှောက်ရမယ်ဆိုတဲ့ခံစားချက်ကြောင့်လေ"

"အော်...ဘာ..ဘယ်လို...အချစ်နဲ့ အဲ့တာဘာကိုဆိုလို..."

"Ya !ချီးကောင်"

တစ်နေ့တာရဲ့ကြည်နူးစရာအခိုက်လေးတွေဆိုအချိန်တွေက ကုန်တာမြန်တယ်လို့ခံစားရမိသည် ။

"ထယ်လေး ထယ်လေး ထတော့လေကွာ ထမင်းစားပြီးထဲကအိပ်နေတာ ညနေတောင်စောင်းနေပြီ ကမ်းခြေသွားပြီးရေလေးဘာလေးဆော့ရအောင်လေ"

"အင်းပါ ရေတော့မနက်ဖြန်မှဆော့တော့လေ အခုလမ်းနေပဲလျှောက်ပြီး ကမ်းစပ်လေးနားပဲ ပုဇွန်းလေးနဲ့ငါးကင်လေးစားပြီးနေဝင်တာကြည့်ရအောင်လေ"

"ဟွန့်"

-"နော်လို့ နောက်နှစ်ရက်လျှောက်လည်လို့ရသေးတယ်လေ နော်"

"တော်ပါလာချွဲမနေနဲ့ ပြီးတာပဲ မနက်ဖြန်ငါအကြိုက်လျှောက်လည်မှာနော်"

"သဘောတော်အတိုင်းပါခင်ဗျ"

"သွားမယ် အင်္ကျီလဲ"

"ဟုတ်"

"အရူးကောင်"

"Joonညကြီးမိုးချုပ်တောင်ပေါ်တက်တော့ပြုတ်ကျမှာပေါ့"

"ချက်ချင်းမတက်သေးဘူးလေကွာ တောင်ခြေမှာဒီညအိပ်ပြီးမနက်အစောကြီးမှတက်မှာ"

~~~ မူပိုင်~~~ (Completed)Where stories live. Discover now