PT [ 18 ]

291 27 2
                                    

( Zaw )

ဂျယ်မင်းက ပြောစရာစကားများ ပျောက်ရှနေတော့သည်
ချန်းလေးက သူ့ကိုချစ်ခဲ့တာဆို အတော်ပင်ပန်းခဲ့မှာ
ဘဲလေ

"မပြောလိုက်ရင် နောင်တရမိမယ် ထင်လို့ အခုတော့
ရပါပြီ "

"ချန်းလေး ငါ..."

"အကိုရွမ်ကျွင့်ဆီသွားမယ် မဟုတ်လားဟင် ကျွန်တော့်
ကိုငဲ့ဖို့ မလိုပါဘူး ကျွန်တော်က အစကတည်းကရှုံးနေ
ပြီးသားပါ"

"တောင်းပန်ပါတယ် ချန်း"

"မလိုပါဘူး ကျွန်တော်က အကိုလေးပျော်နေတာဘဲ
မြင်ချင်တာပါ ကျွန်တော့်ကို စိတ်ထဲမထားပါနဲ့ ဒီတိုင်းလေး
ဘဲ အကိုလေးကို ချစ်နေတာကလည်း အဆင်ပြေပါတယ်"

"...."

"သွားလိုက်လေ ကျွန်တော်လည်းသွားမယ် အကိုရွမ်
ကျွင့်ဆီကို"

"...."

"လာပါ"

အတတ်နိုင်ဆုံး စကားတွေထိန်းပြောနေတဲ့ ချန်းလေးက
သူ့ကို ဗျာမများစေချင်သည်နှင့်တူသည်

နောက်ဆုံးပေးဖို့အတွက်လည်း အသင့်ရှိနေသည့်ချန်း
လေးက သူ့ရွေးချယ်မှုကို သိနေဟန်တူသည်

အကယ်၍ ရွမ်ကျွင့်ကိုသာ သူမချစ်ခဲ့ဘူးဆိုရင် သူအခု
ချစ်နေမိမှာဟာ  ချန်းလေးကိုဆိုရင် ဖြစ်နိုင်လိမ့်မည်
သို့ပေမဲ့ ဒီဘဝအတွက် သူ့နှလုံးသားက ရွမ်ကျွင့်ကို
သာရွေးချယ်ခဲ့သည်

တစ်ဖက်မှာလည်း သတိပြန်ရလာတဲ့ ရွမ်ကျွင့်

"သတိရလာပြီလား"

"ဂျဲနို ဂျယ်မင်းကလေ"

"ဘာမှစိတ်မပူနဲ့တော့"

ယန်ယန်က ဝင်ပြောလာသည်

"ဘာမှမပူနဲ့ ငါဂျယ်မင်းနဲ့တွေ့ပြီးလို့ ရှင်းပြပြီးပြီ ခဏ
နေရင် သူလာမယ်တဲ့ စိတ်ချတော့ ဂျယ်မင်းက မင်းကို
မမုန်းပါဘူး"

"မင်းတကယ်ပြောနေတာလား ယန်ယန်"

"တကယ်ပါကွာ ခဏနေ သူလာပါလိမ့်မယ်"

ရွမ်ကျွင့်ရင်ထဲတွင် ကြည်နူးမှု လှိုင်းများဖြတ်ပြေး
သွားတော့သည်

အခ်စ္ဆိုသည္မွာ... { အချစ်ဆိုသည်မှာ ...}Donde viven las historias. Descúbrelo ahora