PT [ 17 ]

217 26 0
                                    

( Zaw )

"ရွမ်ကျွင့် ရွမ်ကျွင့်!"

အမောတကောနဲ့ ပြေးလာတဲ့ ယန်ယန်က တစ်ခုခုကို
အရေးကြီးနေပုံပင်

"ဘာဖြစ်တာလဲ"

"ငါသိပြီ ငါသိခဲ့ရပြီ"

"ဘာကိုလဲ"

"ဂျယ်မင်းရှိတဲ့ နေရာကိုလေ စပိန်ရဲ့ ဘယ်နေရာလဲဆို
တာငါသိပြီ"

"တကယ်လား"

ရွမ်ကျွင့် မျက်ဝန်းထဲတွင် အံ့သြခြင်းများနဲ့အတူ ပျော်
ရွှင်ခြင်းများပါ ဖြတ်သန်းသွားသည်

"မင်းဘယ်လိုသိတာလဲ"

"ငါ့အသိအကိုတစ်ယောက်နဲ့ အခုမှအဆက်အသွယ်ရ
လို့သိတာ"

"အခုသွားမယ်လေ"

"နေပါဦး ဂျဲနိုနဲ့ တာရိုကိုဖုန်းဆက်လိုက်ဦး ငါတို့အတူ
တူသွားကြမယ်လေ နော်"

"အင်း သိပြီသိပြီ"

အပျော်တွေလွန်နေတဲ့ ရွမ်ကျွင့်က သူ့ပစ္စည်းတွေနဲ့အတူ
ခရီးဆောင်အိတ်ကိုထည့်ရင်း ပျော်နေလေရဲ့ ဂျဲနိုနဲ့တာ
ရိုကလည်း အမောတကောလိုဘဲ ပြင်ဆင်လိုက်ရသေး
သည်လေ

လေယာဉ်စီးနေရတာတောင်မှ ရွမ်ကျွင့်က အငြိမ်မနေ
မထင်ရင် မင်္ဂလာဆောင်တော့မဲ့ သတို့သား ရင်ခုန်
နေသလိုပင်

"အဟမ်း ! လေယာဉ်ပေါ်မှာ မင်းဘဲရှိတာမဟုတ်ဘူး
နော် ငြိမ်ငြိမ်နေ"

ဂျဲနိုက ချောင်းဟန့်ရင်း သတိပေးတော့ ရွမ်ကျွင့်က မျက်
စောင်းပြန်ထိုးလိုက်သည်

နာရီတွေအချိန်တွေ ကုန်ဆုံးပြီးနောက် သူတို့ရောက်
ချင်နေတဲ့ စပိန်ကိုရောက်ပြီ ဖြစ်သည် စပိန်စကားကို
အနည်းငယ် ပြောတတ်တဲ့ ယန်ယန်နဲ့ အတူ သူ့အသိ
အကိုဆီမှာဘဲ တည်းဖြစ်ကြသည်

"မင်းအကိုကို မေးလေကွာ ဂျယ်မင်းဘယ်မှာလဲ"

ရွမ်ကျွင့်က ဂျယ်မင်းဇောဘဲ ရှိတာမို့ ညဘက်တွေတောင်
မနေနိုင်ဘဲ ဂျယ်မင်းကိုသာ မေးနေသည်

"နေပါဦး မေးပါ့မယ်"

"မြန်မြန်မေး"

"အကို!"

အခ်စ္ဆိုသည္မွာ... { အချစ်ဆိုသည်မှာ ...}Where stories live. Discover now