PT [ 13 ]

212 33 1
                                    


( Zaw )

ချစ်ခြင်းတရားတွေကိုနှစ်မြုပ်အပ်နှံထားမိတဲ့အခါ ပြန်ထုတ်
ယူဖို့ ခက်ခဲလွန်းသည်လေ

"မင်းကိုချစ်ပါတယ် ဂျယ်မင်း အရင်ကလည်းချစ်ပါတယ်
မချစ်နိုင်စရာအကြောင်းလည်းမရှိပါဘူး"

ရွတ်ဆိုပြီး တစ်ယောက်ထဲသာ ပြောနေမိသည်

ပုံစံအမျိုးမျိုးပျက်နေတဲ့ ဂျယ်မင်းကို ဂျဲနိုအတော်လေးကို
ဖြောင်းဖြလိုက်ရပြီး အိပ်ယာထဲလဲနေတဲ့ တာရိုကိုတော့
ချန်းလေးက စောင့်ရှောက်ရသည်

တဖြည်းဖြည်းနဲ့ နေမကောင်းတာတွေပိုဆိုးလာတဲ့တာရို
ကို ဆေးရုံတင်ထားရတော့သည်

ချန်းလေးက တာရိုနဲ့အတူ ဆေးရုံမှာဘဲနေပြီ နေ့စဉ်နဲ့အ
မျှနှစ်သိမ့်ရသည်မှာလည်းအလုပ်တစ်ခု ယန်ယန်ကလည်း
အပြစ်မကင်းတဲ့စိတ်နဲ့ ချန်းလေးနဲ့တာရိုမသိခင် လာကြည့်
ပေမဲ့ တံခါးဝမှာတင်ပြန်လှည့်သွားခဲ့ရသည်

သူလည်းနာကျင်ရသည်လေ တာရိုက သူ့ကြောင့်ခံစား
နေရသည်တဲ့

သူ့ဆီမှာလည်း ရွမ်ကျွင့်ကို ချစ်လို့ ပြန်လိုချင်တဲ့ အတ္တ
တစ်ခုလေးတည်းရှိတာ ဒါပေမဲ့ အဲ့ဒီအတ္တလေး တစ်ခု
ကြောင့်နဲ့ တခြားသူတွေပါ နာကျင်ခံစားနေကြရသည်

"အကိုလေး"

ထပ်ပြီးအရက်တွေသောက်ပြီး မှောက်နေပြန်တဲ့ ဂျယ်မင်း
ကို ချန်းလေးက ထပ်ခေါ်ရပြန်သည်

ဂျယ်မင်းကလေးလံနေတဲ့ သူ့မျက်ခွံတွေကို အတော်လေး
ပင့်တင်လိုက်ပြီး မျက်နှာလေးမော့လာသည် နှုတ်ခမ်းမွေး
ရေးရေးလေးနဲ့အတူ ဂျယ်မင်းက သူ့ကိုရယ်ပြလာသည်

သေသပ်ခြင်းမရှိတော့တဲ့ ဂျယ်မင်းပုံစံက ချန်းလေးရင်ထဲ
ကိုနာကျင်စေသည် ဘယ်သူမဆို ကိုယ်ချစ်တဲ့သူပျော်နေ
တာဘဲလိုချင်တာလေ

"အကိုလေး အရက်တွေလျှော့သောက်နော်"

"ငါမမူးသေးပါဘူး"

"အထဲသွားဝင်အိပ်တော့နော် တာရိုကဒီနေ့ဘဲဆေးရုံက
ဆင်းလာတာ"

"သက်သာရဲ့လား"

"နည်းနည်းတော့ သက်သာပါတယ်"

အခ်စ္ဆိုသည္မွာ... { အချစ်ဆိုသည်မှာ ...}Where stories live. Discover now