အပိုင်း✨🍁(၄၈)

Start from the beginning
                                    

“ဟက်!ရှင်းတယ် မင်းရဲ့ဖြစ်တည်မှုကိုက ငါမုန်းတီးနေရတဲ့အကြောင်းပြချက်ပဲ...”

“ဘာလို့...ဘာလို့လဲ...ကိုယ့်ဖြစ်တည်မှုက ဘာဖြစ်လို့..”
ရန်ငြိမ်းထွဋ် ရင်ထဲတင်းကျပ်လွန်းသောကြောင့် ဆက်မမေးနိုင်အောင်ဖြစ်သွားရသည်။
*ဘာလို့လဲ ဘာလို့သူ့ရဲ့ဖြစ်တည်မှုကို မုန်းနေရတာလဲ...*ဟု အော်ဟစ်မေးပစ်လိုက်ချင်ပေမယ့် မလုပ်ဖြစ်။ယခုတောင်သူ့ကိုမုန်းတီးနေသည့်သူက ထိုသို့များထပ်လုပ်လိုက်ရင် ပို၍ ပို၍ သာလွန်ဖို့ပဲရှိတော့သည်။

“ဘာမှပြောစရာမရှိတော့ရင် လစ်လိုက်တော့ နောက်လည်းငါ့ရှေ့ဘယ်တော့မှထပ်ပေါ်မလာနဲ့ ...”

“ခဏလေးပါ...ကိုယ့်ဖြစ်တည်မှုကဘာလို့လဲဆိုတာလေးပဲဖြေပေးပါ... ကိုယ်လုံးဝမနှောင့်ယှက်တော့ဘူးလို့ ကတိပေးပါတယ်...”

“မင်းဖြစ်တည်မှုဆိုတဲ့စကားလုံးကိုနားမလည်ဘူးလား...မင်းမို့လို့ကိုမုန်းတာ ရှင်းလား အရင်ဘဝကရော အခုဘဝရော နောက်လာမယ့်ဘဝဆက်တိုင်းမှာရော မင်းဖြစ်နေတာနဲ့တင် ငါကအကြောင်းပြချက်မရှိ မုန်းတီးနေဦးမှာပဲ....နောက်ထပ် ငါ့ရှေ့ဘယ်တော့မှထပ်ပေါ်မလာနဲ့ ဒီတစ်ခါဆိုရင် သွေးထွက်သံယိုလောက်နဲ့ပြီးသွားမှာမဟုတ်ဘူး ...မင်းက မနာတတ်တာလား အမှတ်မရှိတာလားမသိပေမယ့်...မင်းမျက်နှာမြင်တိုင်း အဲ့ဒီနာကျင်မှုတွေကိုအမှတ်ရနေလွန်းလို့ လုံးဝပေါ်မလာရင် ကျေးဇူးတင်မိမှာပဲ ...”

ဧကလေး ပြောပြီးသည်နှင့် ရန်ငြိမ်းထွဋ်‌ကို စူးစိုက်ကြည့်လိုက်၍ ပြခန်းထဲသို့ဝင်လိုက်သည်။
*မင်းဘာသာ အတိတ်ကိုသိသိမသိသိ မှတ်မိမိမမှတ်မိမိ မောင့်ကိုထိခိုက်အောင်လုပ်ဖူးတာနဲ့တင် မင်းကငါမုန်းဖို့လုံလောက်လွန်းနေပြီ...အဲ့ဒီကျက်သရေမရှိတဲ့မျက်ခွက်ကိုမြင်ရရင် အဲ့ဒီနေ့ကအကြောင်းအရာတွေပြန်မြင်ယောင်လာမိတိုင်း နာကျင်ရလို့ ငါတို့ နောက်ဘယ်သောအခါမှမတွေ့ကြရင်ကောင်းမယ်...ဒါကသတိုးသင်္ခရဲ့မျက်နှာနဲ့မှမွေးဖွားလာတဲ့ မင်းရဲ့ကံဆိုးမှုပဲ...ရန်ငြိမ်းထွဋ်..*

ရက်စက်တဲ့စကားလုံးတွေပြောကာ ဝင်သွားပါသော ချစ်ရသည့်သူအား ကြည့်ရင်း ရန်ငြိမ်းထွဋ် နာနာကျင်ကျင်ပြုံးလိုက်မိသည်။အကြိမ်တိုင်း စကားလုံးကြမ်းကြမ်းတွေနဲ့ပစ်ပေါက်လေ့ရှိပေမယ့်သူခံနိုင်ရည်ရှိအောင်ကြိုးစားခဲ့သည်။ကိုယ့်ကိုမုန်းနေတာ သိပေမယ့် ပုံစံလေးကိုက အကြောတင်းလေးမို့ သူစကားကြမ်းကြမ်းတွေပြောတိုင်း အချစ်တွေတိုးခဲ့ရတာဖြစ်သည်။ ယခုတစ်ခါမှာတော့ အရင်ကအခေါက်များထက်အစပေါင်းများစွာ သူ့ရင်ကိုတစ်စစီကွဲကြေစေသည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now