"ကိုကို အဲ့တာဘာကြီးလဲ "

"ဘာမှ မဟုတ်ပါဘူး
ကလေး လက်ဆောင်တွေအရင်ဖောက်လေ "

အကျင့်ယုတ်နေတာ ကိုကိုက
ဒါသူ့ကို ပေးမှာသိနေတာကို မပေးဘဲ တမင်သက်သက်စနေတာ

"ရတယ်
အဲ့တာကို ပိုစိတ်ဝင်စားသွားပြီ "

မျက်လုံးလေးတွေ ဝိုင်းလာကာ တောက်တောက်ပပလေးကြည့်နေသော ညီငယ်လေးအား သူထပ်မစတော့ဘဲ ပေးလိုက်သည်


"Happy birthdayပါ ကိုကို့ကလေးလေးရေ
ကိုကို့ညီလေးအဖြစ်မွေးဖွားလာခဲ့လို့ကျေးဇူးတင်ပါတယ်
လိမ်မာပြီး စကားနားထောင်လို့ဘဲ ကိုကိုက ပိုချစ်ပါတယ် "

ကိုကိုသည် သူ့အားဖက်ကာ ကျေးဇူးတင်ကြောင်းပြောတော့
ဟိုးရင်ဘတ်ထဲအထိ နွေးထွေးရသည်
သူအသိဆုံးလေ
ကိုကို ဘယ်လောက်ချစ်တယ်ဆိုတာ ထုတ်မပြရင်တောင် သူအသိဆုံးပါ

"သားက ပိုပြီး ကျေးဇူးတင်ရမှာပါ
သားကိုကောင်းကောင်းမွန်မွန် ကိုကို့လက်အောက်မှာကြီးပြင်းလာစေလို့ ကျေးဇူးတင်ပါတယ်ကိုကို "

"ဖွင့်ကြည်ပါဦး
အဲ့တာ တစ်ကမ္ဘာလုံးမှာ တစ်ခုဘဲရှိတာ
ကိုကို့ ကလေးလေးဖို့ စီစဉ်ထားတာ "

ကတ္တီပါဗူးပြာပြာလေးသည် သိပ်လှပါသည်
ဖွင့်ကြည့်လိုက်တော့ ဟန်းချိန်းလှလှလေးတစ်ခု
အပြာရောင်စိန်သေးသေးလေးများဖြင့်စီချယ်ထားကာ ကြယ်ပုံစံ တွဲလောင်းလေးများဖြင့် အလယ်တွင် j.mဆိုသော နာမည် လေးပါ ကျနေသည်

"သဘောကျရဲ့လားကလေးလေး "

ဂျီမင်းသည် လှလွန်း၍ မျက်စိပါမခွာနိုင်
ခေါင်းတွေသာ တစ်ဆက်ဆက်ငြိမ့်ပြသည်

"ကြယ်လေးတွေက ကိုကို့အချစ်တွေလေ
ဒီ ဂျီမင်းဆိုတဲ့ ကလေးလေးကို ကြယ်တာယာတွေလို မရေတွက်နိုင်တဲ့အချစ်တွေနဲ့ ချစ်ပါတယ် လို့ ဆိုလိုတယ် "

ယွန်းဂီသည် ပြောပြီးသည်နှင့် ဟန်းချိန်းလေးအားယူကာ ညီငယ်လေးလက်တွင် ပတ်ပေးလိုက်သည်
လိုက်တာပေါ့
သူ့ညီလေးက ဘယ်သူမလို့လဲ
အပြာရောင်လေးတွေ တလတ်လတ်ဖြင့်တောက်ပနေသော လက်ဆောင်လေးကို ကိုကို့ထံမှရခဲ့သလို

MapleWhere stories live. Discover now