အပိုင်း✨🍁(၄၇)

Почніть із самого початку
                                    

ထိုအချိန် ဆိုင်အနောက်ခန်းထဲမှ စောယုမာလာနွယ်ထွက်လာ၍ အပြင်ဘက်ကို မတ်တပ်ရပ်လျက် ငေးကြည့်နေပါသော မင်းမြတ်အနားသွားကာ...

“မင်းမြတ် ရောက်နေတာကြာ
ပြီလား...အစော အနောက်မှာ အလုပ်နည်းနည်းရှုပ်နေတာနဲ့ ကြာသွားတယ်...”

“အာ မကြာသေးဘူးဗျ... အစော ခဏနော်...”
ဧကလေး အစောအားပြောရင်း ဆေးရုံဝန်းဘက်အမြန်ပြန်ကြည့်လိုက်ရာ ‌သူတွေ့လိုက်ရသည့် ကျောပြင်ကျယ်မရှိတော့။
*ဟင်..ငါအမြင်မှားတာလား...လွဲစရာတော့မရှိပါဘူး...အဲ့ဒါမောင်ဆိုတာ သေချာတယ်...*

အစော မင်းမြတ်ကြည့်သည့်ဘက်ကိုလိုက်ကြည့်ရင်း...
“မင်းမြတ် ဘာရှာနေတာလဲဟင်... အသိတစ်ယောက်ယောက်ကိုတွေ့လိုက်လို့လား...”

“ဗျာ...အာ...ကျွန်တော်အမြင်မှားတာနေမှာပါ...”
ဧကလေး ဟန်မပျက်ပြောရင်း နေရာမှာထိုင်လိုက်ကာ မသိမသာတစ်ချက်ထပ်ကြည့်လိုက်သည်။
*ဟုတ်တယ် ငါအမြင်မှားတာပဲနေမှာပါ...*

“ဪ... ဟုတ်ပါပြီရှင်....”

“ဟုတ်ကဲ့ ..ဒါနဲ့အစောအားရဲ့လားဗျ...”

“အားပါတယ်ရှင် စောနကသာ မွေးနေ့အော်ဒါကိတ်လေး လက်စသတ်ပေးနေလို့ နည်းနည်းကြာသွားတာ ...မင်းမြတ် ဘာမှာပြီးပြီလဲဟင်...ဒီနေ့ အစော ဒါကာခံချင်လို့...”

“ရပါတယ်ဗျာ ကျွန်တော်မှာပြီးပါပြီဗျ....”

“မင်းမြတ်ကတော့ အစော‌ဒါကာခံမယ်ပြောတိုင်း အမြဲငြင်းနေတော့တာပဲနော် ကြာတော့ ရှက်လာပြီရှင့်...”

“အဲ့ဒီလိုမဟုတ်ပါဘူး ကျွန်တော်ကအစောကိုအားနာလို့ပါ....”

“မိတ်ဆွေတွေ‌ပဲကိုအားနာစရာလားရှင့် အဲ့ဒီအစား အစောမင်္ဂလာပွဲကျရင် စာအိတ်အကြီးကြီးလာခဲ့ပေါ့ အဟင်းဟင်း....”

“အစောကတော့ နောက်ပြီဗျာ...”

*မင်္ဂလာပွဲတဲ့လား...မောင်နဲ့အစောတို့ရဲ့မင်္ဂလာပွဲကိုပြောတာလား...မောင်ပြောတော့ သူ့ကိုစောင့်ပါဆို ...ကျွန်တော်စောင့်နေတယ်လေမောင်ရယ်....ကျွန်တော့်ကိုရင်ကွဲအောင်မလုပ်ပါနဲ့...*
ဧကလေး မျက်နှာကအမူအရာမပျက်ပြုံးပြီးပြောလိုက်ပေမယ့် ရင်ထဲမှာတော့ ကမ္ဘာပျက်နေပြီဖြစ်သည်။
*မောင်တို့ကဒီအခြေအနေထိတောင်ရောက်နေပြီတဲ့လား*

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now