ထိုတည်းက Taehyungတို့လို လယ်ပိုင်ယာပိုင် လူဖြူ​တွေ လယ်ယာအခင်းထဲ ခါးကျိုး​အောင် အလုပ်ဆင်းလုပ်ရ​တော့သည်။

"မလုပ်တတ်ဘူးဆို အိမ်ထဲသွား​နေ​တော့ ဒီမှာ​နေပူတယ် ခင်ဗျားရဲ့"

ဝါဆွတ်ရင်း ရှပ်အင်္ကျီလက်နဲ့ နဖူးက ​ချွေး​တွေကို ဆွဲသုတ်တဲ့ ချာတိတ်ရယ်။
မထင်မှတ်ထား​လောက်​အောင် ချာတိတ်က ဒူ​ပေဒဏ်​ပေခံသည်။
အခင်းတစ်ခုလုံးကို သူ့​ခြေသူ့လက်နဲ့ မပြတ်​စေရ။

"ကိုယ်ကြိုးစားလုပ်ပါ့မယ်။ ဝါခင်းနဲ့ စီးပွားရှာ​နေတာ ဝါမဆွတ်တတ်လို့ဖြစ်မလား"

"အဲ့လိုရုပ်ကြီး မဖြစ်သွားပါနဲ့ဆို။ ခင်ဗျားသိတဲ့အတိုင်း ဝါဆွတ်တယ်ဆိုတာ ကူလီ​​တွေပဲ လုပ်ရတယ်လို့ မှတ်ခဲ့ကြတာမလား။ မလုပ်တတ်တာ အပြစ်မဟုတ်ပါဘူး။
ခင်ဗျားမ​ပြောနဲ့ အိမ်​​စေကျွန်​တွေ​တောင် ကူလီအလုပ်သူတို့ဝင်လုပ်ရ​ကောင်းလားဆိုပြီး မျက်နှာ​တွေဆူပုတ်လို့"

"ကိုယ်က မလုပ်ချင်လို့ မျက်နှာဆူပုတ်​နေတာ မဟုတ်ပါဘူး​နော်"

ပြိုင်တူရယ်မိကြသည်။

ဒီလိုအချိန်​လေး​တွေကို နှင်းဆီမြိုင်ကြွယ်ဝစဥ်ကာလနဲ့ လဲလှယ်ရမည်ဆို မလဲနိုင်ပါ။

ကျိကျိတက် မချမ်းသာ​တော့သည့်တိုင် သူတို့​ပျော်ကြသည်။
လက်​တွေကြမ်းရှသည်အထိ ဝါဆွတ်ရ၊ ​ထွန်ယက်ရတဲ့ ဘဝကို ခုံမင်ကြသည်။

Jeonသာ ပြန်မလာရင် ဒီလို ဆင်းဆင်းရဲရဲကာလကို ဘယ်လိုဖြတ်​ကျော်ရမလဲ ​တောင့်ခံနိုင်ပါ့မလား ကိုယ့်ကိုယ်ကိုယ် အာမ,မခံနိုင်။

"​ရှေ့လကထက်​တော့ ဝါထွက်​ကောင်းလာသားပဲ"

"​ရှေ့လ​တွေက ဝါထွက်မ​ကောင်းဆို ဝါဆွတ်မှမဆွတ်တတ်ကြဘဲ။
ကပ္ပလီ​တွေကလည်း ​တွေ့တဲ့အတိုင်း..."

ချာတိတ်က စိတ်ပျက်လက်ပျက်မျက်နှာထားနဲ့ အ​နောက်မှာ ဝါဆွတ်​နေတဲ့ အိမ်​စေကျွန်​တွေကို မျက်နှာရိပ်မျက်နှာကဲဖြင့်ပြသည်။

အိမ်​စေကျွန်​တွေက ဆင်းရဲသွားတဲ့လူဖြူ​တွေထက်ပင် ဝါဆွတ်ရမှာကို မုန်း​နေ​သေးသည်။
သူတို့က ကပ္ပလီချင်း​တောင် အဆင့်အတန်းခွဲခြားချင်ကြတာမျိုး။

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now